Thursday, March 28, 2019

ရင်းနှီးမြှုပ်နှံခြင်းနဲ့သာ ရိုဟင်ဂျာပြဿနာကို ကူညီရာကျမယ်လို့ တရုတ်သတင်းစာ ရေးသား


မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင်ပဲ ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေမှာ ဖြစ်တယ်လို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။ 
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ထောက်ပြပြီး စိုးရိမ်မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ ရခိုင်ပြည်နယ်ကို ရှောင်ရှားနေကြကြောင်း အမှန်တကယ်မှာတော့ ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုများပြားလာရင် ဒေသခံတွေအနေနဲ့ အလုပ်အကိုင်တွေ ပိုမိုရရှိလာပြီး လူနေမှုအဆင့်အတန်း မြင့်မားလာတာာနဲ့အမျှ ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ တင်းမာမှုတွေ ကွဲပြားမှုတွေလည်း လျှော့နည်းလာမှာဖြစ်တယ်လို့ သတင်းစာက ရေးပါတယ်။ 
တဆက်တည်းမှာပဲ ရခိုင်ပြည်နယ် ပဋိပက္ခဖြေရှင်းရေးအတွက် တရုတ်ပြည်က အိုးအိမ်တထောင်ကျော် ဆောက်လုပ်ပေးခြင်းနဲ့ ကျပ်ငွေ သန်း ၂ဝဝ ကျော်လှူဒါန်းခြင်းတွေအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေးအတွက်လည်း ဦးဆောင်ကူညီနေကြောင်း၊ ကျောက်ဖြူစီမံကိန်းကြောင့် ဒေသခံ အများအပြား အလုပ်အကိုင်ရရှိပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုလည်း များစွာလျော့နည်းသွားခဲ့ကြောင်းနဲ့ သူတို့ တရုတ်ပြည်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဟာ တိုင်းရင်းသား ပဋိပက္ခတွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေအတွက် အရေးပါလှကြောင်းစသဖြင့် မနေ့က ထုတ်ဝေတဲ့ တရုတ်အစိုးရ အာဘော် သတင်းစာမှာ ဖော်ပြထားပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားရှိ ဒုက္ခ္ခသည်စခန်းတစ်ခု။ 
RFA

No comments:

Post a Comment