Monday, March 25, 2019

မလေးရှားနိုင်ငံမှ လာရောက် သောင်တင်နေသည့် သဘောင်္ကို ဖျက်သိမ်းပြီး ပစ္စည်းများ သယ်ဆောင်လာသည့်ရေယာဉ် နစ်မြုပ်မှုဖြစ်ပွားကာ လုပ်သားတစ်ဦး ပျောက်ဆုံးနေ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်အတွင်းရှိ ငွေတောင်ကမ်းခြေ အနောက်မြောက် လေးမိုင်ခန့်အကွာတွင် မတ် ၂၄ ရက်က မလေးရှားနိုင်ငံမှ လာရောက် သောင်တင်နေသည့် သင်္ဘောအား ဖျက်သိမ်းသည့် ပစ္စည်းများ သယ်ဆောင်လာသည့် Brage CBR 0740 ရေယာဉ်အတွင်း ရေဝင်နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး ရေယာဉ်လုပ်သား တစ်ဦး ပျောက်ဆုံးနေကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 
မော်တင်စွန်း၏ မြောက်ဘက် ၁၉ မိုင် အကွာတွင် ဗိုက်ပေါက်ကာ လာရောက် သောင်တင်နေသည့် မလေးရှားနိုင်ငံမှ MV Arctic Strem သင်္ဘောအား သွားရောက် ဖျက်သိမ်းသည့်အဖွဲ့မှာ လုပ်ငန်းပြီးဆုံးသဖြင့် သင်္ဘောမှ ပစ္စည်းများ တင်လာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တင်လာစဉ် Brage CBR 0740 ရေယာဉ်အတွင်း ရေဝင်ကာ ဘယ်ဘက်သို့ တိမ်းစောင်းနစ်မြုပ်ခဲ့ပြီး ရေလုပ်သား မောင်ဝေလု (၁၈ နှစ်)မှာ ပျောက်ဆုံးနေကြောင်း သိရသည်။ 

အဆိုပါ ရေယာဉ်ပေါ်တွင် သင်္ဘောဖျက်လုပ်ငန်းမှ သံပြားတန် ၂၀၀၊ တန် ၈၀ ကရိန်း နှစ်စီးနှင့် မြေတူးစက် တစ်စီးတို့နှင့်အတူ ရေယာဉ်ပေါ်ပါ ရေလုပ်သား ၁၅ ဦးတို့ လိုက်ပါလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ရေလုပ်သား ၁၅ ဦးအနက် ၁၄ ဦးအား The Boat လော်ပန်-၆ ပေါ်သို့ တင်ပို့နိုင်ခဲ့ပြီး ပျောက်ဆုံးနေသည့် ရေယာဉ်လုပ်သား မောင်ဝေလုအား ပရခဌာနချုပ် လက်အောက်ခံ ရေယာဉ်အမှတ် (၅၅၁) ဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 


Eleven Media Group

No comments:

Post a Comment