Monday, March 25, 2019

သန်လျင်တွင် ကျောက်သယ်ရထားနှင့် အငှားယာဉ် တိုက်မိ


သန်လျင်ဘက်က မောင်းနှင်လာတဲ့ ကျောက်သယ်ရထားတစီးနဲ့ အငှားယာဉ်တစီးတို့ ကွေ့မဘူတာအနီးမှာ မတ်လ ၂၅ ရက် ည ၉ နာရီလောက်က တိုက်မိခဲ့ပါတယ်။ 
တောင်ဒဂုံ ၂၂ ရပ်ကွက်ထဲကနေ မောင်းလာတဲ့ အငှားယာဉ်ကို သန်လျင်ဘက်ကနေ မောင်းနှင်လာတဲ့ ကျောက်သယ်ရထားက သံလမ်းအကူးမှာ တိုက်မိခဲ့တာဖြစ်ပြီး ကားထဲက ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာ မရခဲ့ဘူးလို့ ရပ်ကွက်နေသူတချို့က ပြောပါတယ်။ 

ရထားတိုက်လိုက်တဲ့ အရှိန်ကြောင့် အငှားယာဉ်ကတော့ ကားလမ်းကနေ ၁၀ ကိုက်ကျော်လောက် ရောက်သွားခဲ့ပြီး ထိခိုက်ပျက်စီးသွားပါတယ်။

DVB

No comments:

Post a Comment