Tuesday, March 26, 2019

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးကွန်ရက် ဖွဲ့စည်းမယ်


မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းဖို့အတွက် ဧပြီလ ၁ ရက်နေ့မှာ ညီလာခံ ပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီ အခမ်းအနားမှာ နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဖျက်သိမ်းရေးကွန်ရက် ဖွဲ့စည်းသွားမယ်လို့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းဖို့အတွက် ဆန္ဒထုတ်ဖော်ခဲ့သူတွေက ပြောပါတယ်။ 
မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းဖို့အတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ မတ်လ ၂၅ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ 

ဆန္ဒထုတ်ဖော်ပွဲမှာ တက်ကြွလှုပ်ရှားသူ ငါးဆယ်လောက် ပါဝင်ခဲ့ပြီး “မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး” စာသားတွေ ရေးသားထားတဲ့ ဗီနိုင်းတွေ ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့တာပါ။

MCN NEWS 

No comments:

Post a Comment