ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရဲ့ စီးပွားရေးလုပ်ငန်းတွေ တည်ရှိရာ ဘန်နာနီခရိုင်မှာ မတ်လ ၂၈ ရက်နေ့က အထပ်မြင့် အဆောက်အဦတခု မီးလောင်တာကြောင့် လူ ၁၉ ဦးထက်မနည်း သေဆုံးပြီး ၇၀ လောက် ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
၂၂ ထပ်မြင့် အဆောက်အဦမှာ ဒါဇင်နဲ့ချီတဲ့လူတွေ ပိတ်မိနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ညဥ့်နက်တဲ့အထိ ဆက်လုပ်ခဲ့ပါတယ်။
မီးသတ်သမားတွေဟာ ကရိန်းတွေပေါ်တက်ပြီး မှန်ပြတင်းတွေခွဲကာ ပိတ်မိနေသူတွေကို ကယ်ဆယ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ အဲဒီ မီးလောင်အဆောက်အဦကနေ လူ ၁၀၀ ကျော်ကို ရဟတ်ယာဉ်တွေ၊ လှေကားတွေသုံးပြီး ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်ကာကွယ်ရေး အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
DVB

No comments:
Post a Comment