အဂတိလိုက်စားမှုတွေအပေါ် ပြည်သူတွေ ဒေါသထွက်နေတဲ့ စလိုဗက်ကီးယားနိုင်ငံမှာ လစ်ဘရယ်ဝါဒီ ရှေ့နေ ဇူဇာနာ ကာပူတိုဗာက မတ်လ ၃၀ ရက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်မှာ နိုင်ငံရေးပုံစံ ပြောင်းဖို့နဲ့ အဂတိလိုက်စားမှုတို့ဟာ အဓိကအာဘော် ဖြစ်နေခဲ့တာပါ။
နာမည်ကြီး လိမ်လည်မှုတွေကို စုံစမ်းတဲ့ သတင်းထောက် ယန်ကူစီယတ်နဲ့ သူ့ချစ်သူတို့ သူတို့အိမ်မှာ အသတ်ခံရအပြီး တနှစ်အကြာမှာ ရွေးကောက်ပွဲ ကျင်းပတာလည်း ဖြစ်ပါတယ်။
ဥရောပသမဂ္ဂကို လိုလားတဲ့ ကာပူတိုဗာဟာ မဲအားလုံးရဲ့ ၉၈ ဒသမ ၁ ရာခိုင်နှုန်း ရေတွက်အပြီး မဲ ၅၈ ဒသမ ၃ ရာခိုင်နှုန်း ရခဲ့တာပါ။
ဒါကြောင့် စလိုဗက်နိုင်ငံအတွင်း ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာဖို့ ရှိပါတယ်။
ဥရောပ ကော်မရှင်နာမင်းကြီး မာရို့စ် စေ့ဖ်ကိုဗစ်ခ်ျကတော့ ၄၁ ဒသမ ၇ ရာခိုင်နှုန်း မဲရထားပါတယ်။
သူကတော့ လူလေးစားတဲ့ သံတမန်ဖြစ်ပြီး လက်ရှိ အာဏာရပါတီ အက်စ်မာက ကျောထောက်နောက်ခံ ပေးထားခံရသူပါ။ သူ့ပါတီဟာ စလိုဗက်နိုင်ငံရေးကို ၂၀၀၆ တည်းက လွှမ်းမိုးထားပြီး လွှတ်တော်အတွင်း အမတ်နေရာ အများစု ရထားပါတယ်။
DVB

No comments:
Post a Comment