ရဲစခန်းများတွင် ပြည်သူများ အမှုဖွင့်ခွင့် လွယ်ကူစွာရရှိရေး လူ ၅၀ခန့် ဆန္ဒထုတ်ဖော်မှု မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ယနေ့ ပြုလုပ်ခဲ့သည်။
“ရဲစခန်းတွေမှာ ပြည်သူတွေအမှုဖွင့်တဲ့ အခါမှာ စခန်းမှူးတွေ အလွယ်တကူမဖွင့်ပေးလို့ အခက်အခဲတွေကြုံတွေ့နေရပါတယ်၊ရဲချုပ်ကြီးနဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးတို့ က အောက်ခြေကို သေချာစစ်ဆေးပေးပါ”ဟု ဆန္ဒပြပွဲဦးဆောင်သူ ဦးညီညီထွန်းကပြောသည်။
ယင်းအပြင် ရဲစခန်းမှူးများသည် တာဝန်ချိန်တွင်ပင် မူးယစ်သောက်စားနေမှုများရှိပြီး သက်ဆိုင်ရာနယ်မြေရဲစခန်းများ ကို စစ်ဆေးပါက ကြိုတင်အကြောင်းကြားခြင်း မပြုလုပ်ဘဲ ရှောင်တခင်စစ်ဆေးရန် ၎င်းတို့ကတောင်းဆိုခဲ့သည်။
ဆန္ဒပြသူများသည် ကျောက်တံတားမြို့နယ်အတွင်း ငြိမ်းစုစီ တင်ပြ၍ ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အချက် ၁၈ ချက်တင်ပြတောင်းဆိုခဲ့ရာ ၄ ချက် ကိုမူ ခွင့်မပြုခဲ့ကြောင်း သိရသည်။
NW
Isee Media



No comments:
Post a Comment