ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြ တံတား သစ်ဖွင့်ပွဲကိုနိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီးနောက် ဧရာဝတီ တိုင်း ခြောက်မြို့နယ်မှ လူထုနှင့် တွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်ထား ကြောင်း သိရသည်။
မြောင်းမြတံတားသစ်ကို ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီ ၁ ရက် နှင့် ၂ ရက်နေ့များတွင် ပုသိမ်၊ ပန်းတနော်၊ မအူပင်၊ ညောင်တုန်း၊ မြောင်းမြနှင့် ကျောင်းကုန်းမြို့များ ၌ လူထုနှင့် တွေ့ဆုံရန်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာ ဝန်ကြီး ဦးဌေးဝင်းက ဒီမိုကရေစီ တူဒေးသို့ မတ် ၂၈ တွင် ပြော သည်။
""တံတားဖွင့်ပွဲအပြီးမှာ ခြောက်မြို့ နယ်မှာ လူထုတွေ့ဆုံပွဲတွေလုပ်ဖို့ ရှိပါတယ်။ အစီအစဉ်အသေးစိတ် ကတော့ အခုချိန်ပြောလို့မရသေး ပါဘူးခင်ဗျ}}ဟု ၄င်းကပြောသည်။နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ၂၀၁၉ ခုနှစ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်း၊ စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့သို့ သွားရောက်ကာ လူထုနှင့်တွေ့ဆုံခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်တွင် မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် ဒေသခံများ သွားလာရေးအဆင်ပြေစေရန် တံ တားသစ်ကို တစ်နှစ်အတွင်း အပြီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။မြောင်းမြတံတား ခံနိုင်ဝန် စမ်းသပ် မှု (load test) ကို မတ် ၂၃ ရက်က အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိ ရသည်။
""10 mm အထိ ရွေ့ခွင့်ရှိ ပေမယ့် 2 mm မျှသာ ရွေ့တဲ့အ တွက် ခံနိုင်စွမ်းအပြည့်ရှိပါတယ်""ဟု မြောင်းမြမြို့နယ် ပြည်သူ့လွှတ် တော်
ကိုယ်စားလှယ် ဒေါက်တာ စိုးမိုးသူက ပြောသည်။
ဧပြီ ၁ ရက် တံတားဖွင့်ပွဲ အပြီးတွင် မော်တော်ယာဉ်များ စ တင် ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ မြောင်းမြတံတား
တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမျိုးဝင်းကပြော သည်။ယခုအခါ မြောင်းမြတံတား ဟောင်းအပေါ်တွင် လူထုအပန်း ဖြေနေရာ ဆောင်ရွက်ရန်လည်း စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရ သည်။
ဧရိယာ သန့်ရှင်းရေးသာယာ လှပရေး လုံခြုံရေးတို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ CCTVတပ်ဆင်ခြင်း၊ မီးထွန်း ခြင်း၊ stage စင်ပြုလုပ်ပေးခြင်း၊ ဆေး သုတ်ခြင်း၊ လုံခြုံရေးအကာအရံ များ တပ်ဆင်ခြင်းများအား စတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ တောင်းယူရရှိသော ကိုယ် လက်လှုပ်ရှား အားကစားပစ္စည်း များ (Outdoor Fitness Equip-ments) များလည်း စတင်တပ်ဆင် နေပြီဖြစ်ကာ ကလေးကစားကွင်း ဖန်တီးရန် လိုအပ်သောဘဏ္ဍာ ငွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ ကူညီပေးရန် တင် ပြထားကြောင်း သိရသည်။
NT
#Democracytoday

No comments:
Post a Comment