တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်မှ ထိပ်တန်းအရာရှိများသည် နေပြည်တော်ရှိ သူရဲကောင်းစစ်သည်ဗိမာန် တွင် ပြုလုပ်သည့် အောင်ဆန်းသူရိယဘွဲ့ချီးမြှင့်ခံရသူ တပ်မတော်သား (၆)ဦး၏ ရုပ်ထုဖွင့်ပွဲအခန်းအနားသို့ တက်ရောက်ပြီး ဖွင့်ပွဲပြုလုပ်ပေးခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခန်းအနားသို့ သမ္မဟောင်း ဦးသိန်းစိန် သည် ၎င်း အငြိမ်းစားယူခဲ့စဉ်က ရာထူးအဆင့်တပ်မတော်သားဝတ်စုံဝတ်ပြီး အခမ်းအနားတက်ခဲ့သည်ကို တွေ့ရသည်။
သမ္မဟောင်း ဦးသိန်းစိန် နှင့်အတူ ယခင်အစိုးရလက်ထက်က ၀န်ကြီးဟောင်းများ၊တပ်မတော်မှ အငြိမ်းစားယူခဲ့သူများလည်း တပ်မတော်သားဝတ်စုံဝတ်ပြီး အခမ်းအနားသို့ တက်ရောက်လာသည်ကိုတွေ့ရသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်နေ့ ရောက်တိုင်း တပ်မတော်မှ အငြိမ်းစားယူသွားသူ အချို့ကို တပ်မတော်နေ့ အခမ်းအနားသို့တက်ရန် ဖိတ်ကြားလေ့ရှိသည်။
ဖိတ်ကြားခံရသူတို့သည် ၎င်းတို့ အငြိမ်းစားယူခဲ့စဉ်က ရာထူးအဆင့်တပ်မတော်သားဝတ်စုံဝတ်ပြီး အခမ်းအနားတက်ခဲ့သည်ကို တွေ့ရသည်။
Isee Media












0 comments:
Post a Comment