ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရ-ကိုးပင်လမ်းရှိ ၆ မိုင်စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် သတင်းအရစစ်ဆေးနေစဉ်ကိုးပင်မြို့ဘက်မှ သာဂရမြို့ဘက်သို့ စောထွန်း(ဘ) ဦးကြည်မြင့် မောင်းနှင်၍ ကျော်စိုးလင်း(ဘ)ဦးမောင်မောင်နှင့် မသော်တာထွေး(ဘ)ဦးသိန်းဇော်တို့ လိုက်ပါလာသည့် GRANVIA အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အမှတ်၊ 9C/---- အား မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမ၀င်ခိုးဝင်လာသည့် မာမွတ်ရာစိန်(ဘ)အာရွတ်ခန်း အပါအ၀င် ဘင်္ဂါလီလူမျိုး အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၂၅ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် မော်တော်ယာဉ်အား သာဂရနယ်မြေရဲစခန်းမှ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းထုတ် ပြန်ချက်အရ သိရသည်။
The Fifth Wave News

No comments:
Post a Comment