တပ်မတော် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်း ရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်း မီဒီယာသမားများ တက်ရောက်ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီ တို့က တပ်မတော်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲထားရှိမှု အခြေအနေများနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် သတင်းမီဒီယာများက မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
သတင်းစဉ်
ဓါတ်ပုံ -တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
MOI Webportal Myanmar







0 comments:
Post a Comment