Tuesday, March 26, 2019

လူသတ်တရားခံတစ်ဦး ရဲစခန်းသို့ ကိုယ်တိုင်အဖမ်းခံ

မိုးကုတ်မြို့ ကျပ်ပြင်ကျေးရွာအုပ်စု အေးစေတီရပ်တွင် လုပ်ဖော်ကိုင်ဖက်ချင်း အရက်သောက်စကားများရာမှ တုတ်ဖြင့်ရိုက်သတ်ခဲ့မိ၍ ရိုက်သတ်ခဲ့သူက ရဲစခန်းသို့ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ကျောက်တွင်းလုပ်သားတစ်ဦးဖြစ်သည့် အသက် ၂၉ နှစ်အရွယ် ဦးရွှေဋ္ဌေးသည် လုပ်ဖော်ကိုင်ဖက် အသက် ၄၂ နှစ်အရွယ် ဦးရာဂျူး (ခ) ပီသရေးကို မတ်လ ၂၄ ရက်နေ့က တုတ်ဖြင့် ရိုက်ခဲ့ပြီး ၂၅ ရက်နေ့တွင် ရဲစခန်းသို့ လာရောက်အဖမ်းခံခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့က ဆိုသည်။ 

ဖြစ်စဉ်မှာ ဦးရွှေဋ္ဌေးအိမ်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ယောက် အရက်အတူသောက်ရင်း လုပ်ငန်းကိစ္စတစ်ခုနှင့် ပတ်သက်ပြီး စကားများရာမှ ဦးရွှေဋ္ဌေးက ဦးရာဂျူးကို တုတ်ဖြင့် ရိုက်၍ ဦးခေါင်းမှ သွေးများထွက်ပြီး လဲကျသွားခဲ့သည်ကို ဦးရွှေဋ္ဌေးက စောင်ခြုံပေးကာ အိပ်ယာဝင်ခဲ့ပြီး နံနက်အိပ်ယာ နိုးချိန်တွင် သေဆုံးနေသည်ကို တွေ့ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ 

ရဲတပ်ဖွဲ့က သေဆုံးသူကို စစ်ဆေးရာ ဦးခေါင်းနှင့် မေးစေ့တို့တွင် ပေါက်ပြဲဒဏ်ရာ၊ လည်ပင်းညိုမဲဒဏ်ရာနှင့် ရင်ဘတ်ဖူးရောင်၊ ပေါက်ပြဲဒဏ်ရာများတွေ့ရှိခဲ့သည့်အတွက် ဦးရွှေဋ္ဌေးကို ကျပ်ပြင်နယ်မြေရဲစခန်းမှ လူသတ်မှုပုဒ်မ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားကြောင်း မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice

No comments:

Post a Comment