တပ်မတော်အနေဖြင့် သတင်းမီဒီယာများအား ခြိမ်း ခြောက်စာပေးပို့မှု လုပ်ဆောင် ခြင်းမရှိကြောင်း ခိုင်မာစွာအာမခံ သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီ အတွင်း ရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ယမန်နေ့တွင် ပြောသည်။
ဧပြီ ၁ရက်နှင့် ၂ရက်တွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အ ကြောင်း မကောင်းရေးပါက မိုင်း ခွဲတိုက်ခိုက်မည်ဖြစ်ကြောင်း အ ကောင့်တုများအသုံးပြုကာ ရန် ကုန်အခြေစိုက် သတင်းဌာနများ သို့ ခြိမ်းခြောက်စာများရောက်လာ ပြီးနောက် ဧပြီ ၃ ရက် နံနက် တွင်လည်း ရခိုင်ပြည်နယ်အခြေ စိုက် Development Media Group ထံသို့ မျိုးချစ်တပ်မတော် သားများအဖွဲ့၊ မြန်မာ့တပ်မတော် ကို ချစ်မြတ်နိုးသူများအမည်ကို အသုံးပြုကာ ခြိမ်းခြောက်စာများ ပေးပို့ခဲ့သည်။
ခြိမ်းခြောက်သည်ဆိုခြင်းမှာ တပ်မတော်၏ လုပ်ငန်းမဟုတ် ကြောင်း၊ တပ်မတော်အနေဖြင့် တရားဥပဒေနှင့်ပတ်သက်ပြီး တိ ကျစွာလိုက်နာသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ တပ်မတော်နှင့် ပတ်သက်ပြီး ထုတ်ပြန်သင့်သည့် သတင်းများ ထုတ်ပြန်ပေးနေ ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။
‘‘တပ်မတော်ဘက်ကတော့ ခိုင်ခိုင်မာမာ အာမခံတယ်။ ဒီလို ဟာမျိုး လုပ်လေ့လုပ်ထလည်းမရှိ ဘူး။ လုပ်စရာလည်းအကြောင်း မရှိဘူး။ မီဒီယာနဲ့ ပတ်သက် လာရင် မီဒီယာတွေက တပ်မ တော်အပေါ် မဟုတ်မမှန်စွပ်စွဲ ရင် တရားဥပဒေအတိုင်းပဲ တရား စွဲနိုင်ဖို့ ဆောင်ရွက်တာပဲရှိတယ်။ ဒီလိုခြိမ်းခြောက်စရာ လုပ်စရာ အကြောင်းလည်းမရှိပါဘူး။ လုပ် ရိုးထုံးစံလည်းမရှိဘူး’’ ဟု ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
Development Media Group သတင်းဌာနသို့ ပေးပို့လာ သည့် ခြိမ်းခြောက်စာတွင် တပ်မ တော်ဘက်မှ ရပ်တည်ရန်နှင့် ဘက်လိုက်ရေးသားသောသတင်း တိုက်များနှင့် သတင်းရေးသားသူ များ၏အသက်ကို အာမခံမည် မဟုတ်ကြောင်းနှင့် ဦးကိုနီကဲ့သို့ အဖြစ်မျိုး ကြုံတွေ့ရမည်ဖြစ် ကြောင်း ဖော်ပြထားသည်ဟုယင်း သတင်းဌာနက ထုတ်ပြန်ထား သည်။
‘‘ကျွန်တော်မြင်တာကတော့ သက်ဆိုင်တဲ့ဟိုဟာတွေ(တပ်မ တော်နှင့် AA)ကတော့ အမှန်တ ကယ် ပို့ချင်မှလည်းပို့မယ်။ ကြား ကနေပြီးတော့ တမင်ပဋိပက္ခကို ဦးတည်စေတဲ့လူအုပ်စုတွေ တ မင်လုပ်တာဖြစ်ကောင်း ဖြစ်နိုင်တယ်’’ဟု Development Media Group အယ်ဒီတာချုပ် ကိုအောင်မင်းဦးက ပြောသည်။
မီဒီယာများထံ ယခုကဲ့သို့ ခြိမ်းခြောက်စာပေးပို့ခြင်းကို အစိုးရအနေဖြင့် စိစစ်အရေးယူရန် လိုအပ်ကြောင်း ၎င်းက အကြံပြု သည်။
AA အဖွဲ့ကလည်း သတင်း မီဒီယာများသို့ ခြိမ်းခြောက်စာ ပေးပို့နေသည့်ကိစ္စများသည် ၎င်း တို့အဖွဲ့နှင့် သက်ဆိုင်မှုမရှိ ကြောင်း ဧပြီ ၃ ရက်တွင် သတင်း ထုတ်ပြန်သည်။
ယင်းသို့လုပ်ဆောင်ခြင်း သည် ရခိုင်ဒေသအခြေအနေနှင့် ပတ်သက်ပြီး မြေပြင်သို့ သတင်း ရယူလိုသော သတင်းသမားများ တွန့်ဆုတ်သွားအောင် ပြုလုပ် သောလုပ်ရပ်၊ လူထုအထင်အ မြင်လွဲမှားအောင် အကွက်ကျကျ ပြုလုပ်သော လုပ်ရပ်ဖြစ်ကြောင်း AA က ထုတ်ပြန်ခဲ့သည်။
7Day
No comments:
Post a Comment