Wednesday, April 3, 2019

မဟာသင်္ကြန်ပွဲတော်နီးကပ်လာပြီဖြစ်သောကြောင့်ထိုင်းရောက်မြန်မာအလုပ်သမားအချို့ သတ်မှတ်ရက်ထက်စော၍ နေရပ်ပြန်


မြန်မာ့ရိုး ရာမဟာသင်္ကြန်ပွဲတော်နီးကပ်လာ ပြီဖြစ်သောကြောင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန် မာရွှေ့ပြောင်းအလုပ်သမားအချို့ သည် သတ်မှတ်ရက်ထက်စော၍ ဧပြီ ၃ ရက်နံနက်ပိုင်းမှစတင်ပြီး မြန်မာ-ထိုင်းနယ်စပ်အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကရင်ပြည်နယ် မြဝတီမြို့သို့ ပြန် လည်ဝင်ရောက်လာကြကြောင်း သိရသည်။ 
""ကျွန်တော်က မဟာချိုင်မှာ ကားဆေးမှုတ်လုပ်ငန်းလုပ်ကိုင်ပါ တယ်၊ မနှစ်ကတော့မပြန်ဖြစ်ဘူး၊ ဒီနှစ်မှပြန်တာပါ၊ ကျွန်တော်ကကြို ပြန်လာတာက ဧပြီ ၅ ရက်ဆိုခွင့် ရလို့ အလုံးအရင်းပြန်ကြမှာဆို တော့ ဘန်ကောက်ကနေပြီးမဲဆောက် ကို ကားလက်မှတ်တွေဝယ်လို့မရ အောင် ဖြစ်သွားလိမ့်မယ်၊ ဒါကြောင့် နှစ်ရက်ကြိုပြီးပြန်တာ။ ပြီးတော့ သူတို့ခွင့်ပေးတဲ့ရက်ပြန်ရင် ဧပြီ ၂၅ ရက်အရောက်ပြန်သွားရမှာ။ ကန့်သတ်ရက်အတွင်းပြန်ရမှာမို့ မလွတ်လပ်ဘူး၊ အခုလိုကြိုပြီးပြန်လာ တော့ ထိုင်းကိုကြိုက်တဲ့အချိန်ပြန် လို့ရတယ်""ဟု မကွေးမြို့မှ ကိုတင် မောင်ဝေက ပြောကြားသည်။ 

မြန်မာရွှေ့ပြောင်းအလုပ်သ မားများ တရားဝင်နေရပ်ပြန်နိုင် ရန်အတွက် ထိုင်းအစိုးရက ဧပြီ ၅ ရက်ကို သတ်မှတ်ပေးထားပြီး မြန် မာအလုပ်သမားများသည် ခွင့်ရက် စုစုပေါင်း ၂၅ ရက်ခံစားရမည်ဖြစ် သည့်အတွက် သင်္ကြန်ကာလတွင် မြန်မာအလုပ်သမားဦးရေ သိန်းချီ နေရပ်ပြန်လေ့ရှိကြသည်။ 

""ကြိုပြန်ကြတဲ့အတွက် ]ရီဟင် ဂျီ}လို့ခေါ်တဲ့ တုံးကြီးထုရမယ်၊ အဲ ဒီတုံးကြီးက ထိုင်းကိုပြန်ဝင်ခွင့်တုံး ကြီးပေါ့၊ ဘတ် ၁၀ဝ ပေးရတယ်၊ မြန်မာပြည်ဘက်အထွက် တုံးထု တာကတော့ ဘတ် ၂၀ ပဲကုန်ကျ တယ်၊ ထိုင်းအစိုးရကခွင့်ပြုမယ့် ဧပြီ ၅ ရက်မှ ပြန်မယ်ဆိုရင်တော့ "ရီဟင်ဂျီ"ဆိုတဲ့ တုံးကြီးထုစရာ မလို ဘဲ မြန်မာအလုပ်သမားတွေအနေ နဲ့ တစ်ဦးကို ဘတ် ၁၁၀ဝ သက် သာမှာဖြစ်ပါတယ်""ဟု မဲဆောက် မြို့အခြေစိုက် KTG အထွေထွေ လူမှုကူညီရေးရုံးမှ မန်နေးဂျင်း ဒါရိုက်တာ ကိုသားကြီးက ပြော ကြားသည်။ 

ဧပြီ ၃ ရက်က နေရပ်ကြိုတင် ပြန်လာကြသည့် မြန်မာအလုပ်သ မားဦးရေမှာ စုစုပေါင်း ၁၅၀ဝ ခန့် ရှိကြောင်း သိရသည်။ 

KKTM(MWD) 
#Democracytoday

No comments:

Post a Comment