Monday, April 29, 2019

ဂျပန်ဘုရင်၏ သမိုင်းဝင် ထီးနန်းစွန့်ခြင်း အခမ်းအနားများ ပြုလုပ်၊ မေ ၁ ရက်မှာ ဂျပန်အိမ်ရှေ့မင်းသားက တရားဝင် ထီးနန်းဆက်ခံမည်


ဂျပန်ဘုရင် အခီဟီတို ကတော့ ဧပြီ ၃၀ ရက်မှာ ထီးနန်းစွန့်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၀၀ ကျော်အတွင်း ခုလို ထီးနန်းစွန့်တဲ့ ပထမဆုံး ဂျပန်ဘုရင်လည်း ဖြစ်လာပါတယ်။ 
ခုလို ဂျပန်ဘုရင်ကြီး ထီးနန်းစွန့်ခြင်း အခမ်းအနားတွေကိုတော့ ယနေ့မှာ ဂျပန်အင်ပါယာ နန်းတော်မှာ ဂျပန်ရိုးရာဓလေ့တွေနဲ့အတူ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ 

မနက်ဖြန် မေ ၁ ရက်မှာတော့ ဂျပန် အိမ်ရှေ့မင်းသား နာရူဟီတိုက တရားဝင် ထီးနန်းဆက်ခံတော့မှာ ဖြစ်ပြီး ခေတ်သစ်တစ်ခု စတင်မှာဖြစ်ပါတယ်။ 

သက်တော် ၈၅ နှစ်ရှိ ဂျပန်ဘုရင်ကြီး အခီဟီတိုကတော့ အသက်အရွယ် ကြီးရင့်လာမှု၊ ကျန်းမာရေး ချို့ယွင်းလာမှုကြောင့် ထီးနန်းဆက်လက်ရယူထားနိုင်ခြင်း မရှိလို့ နန်းစွန့်ဖို့ တရားဝင် ခွင့်ပြုချက်လည်း ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ 

ဂျပန်မှာတော့ ဘုရင်ဟာ နိုင်ငံရေး ပါဝါ ကိုင်မထားပေမယ့် နိုင်ငံရဲ့ သင်္ကေတအဖြစ် ရှိနေပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment