Friday, April 26, 2019

ဖားကန့်ဒေသရှိ ဗလခမှော်မြေပြိုမှုတွင် တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ ဖြင့် သေဆုံးသူ ၄၅ ဦးအတွက် ကုမ္ပဏီက ကျပ်သိန်းပေါင်း ၁၃၅၀၀ နစ်နာကြေးပေးအပ်


ဧပြီ ၂၃ ရက်က ဖားကန့်ဒေသရှိ ဗလခ ကျေးရွာအနီး နွံကန်ပေါက်ကျမှုကြောင့် လူ ၅၅ ဦးသေဆုံးခဲ့ရာတွင် သေဆုံးသူ ကုမ္ပဏီ ဝန်ထမ်းများကို တစ်ဦးလျှင် ကျပ်သိန်း၃၀၀ နှုန်းဖြင့် သေဆုံးသူပေါင်း ၄၅ ဦးအတွက် ကျပ်သိန်းပေါင်း ၁၃၅၀၀ သိန်းကို နစ်နာကြေး ပေးအပ်ထားကြောင်း သတင်းရရှိသည်။ 
လက်ရှိတွင် မြန်မာသူရကုမ္ပဏီက အ သက်ဆုံးရှုံးခဲ့သည့်ဝန်ထမ်း ၂၈ ဦးစလုံးအ တွက် လျော်ကြေးငွေများပေးအပ်ခဲ့ပြီး ရွှေန ဂါးကိုးကောင်ကုမ္ပဏီက အသက်ဆုံးရှုံးခဲ့ သည့် ဝန်ထမ်း၂၇ ဦးအနက် ၁၇ ဦးသာ ယင်း လျော်ကြေးငွေကို လက်ခံပြီး ကျန်၁၀ ဦးမှာ ညှိနှိုင်းဆွေးနွေးဆဲဖြစ်ကြောင်း ဖားကန့်မြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး တင်စိုးက ဆိုသည်။ 

၎င်းင်းက “ဗလခနွံကန်ပေါက်လို့ အသက် ဆုံးတဲ့သူတွေကို တစ်ဦးကို ကျပ်သိန်း ၃၀၀ နစ်နာကြေးပေးတာပေါ့။ မြန်မာသူရက ၂၈ ဦးစလုံး လျော်ပေးပြီ။ ရွှေနဂါးကိုးကောင်က ၂၇ ဦးမှာ ၁၇ ဦးက လက်ခံပြီးပြီ။ ကျန် ၁၀ ဦးကတော့ မကျေတဲ့အခြေအနေဆိုတော့ ညှိနှိုင်းဆဲပေါ့။ လွှတ်တော်ကိုယ်စားတွေ၊ ရှေ့ နေတွေ၊ ရပ်မိရပ်ဖတွေ၊ အထွေထွေအုပ်ချုပ် ရေးဌာန၊ အများကြီးပါဝင်ပူးပေါင်း ညှိနှိုင်းပြီး လျော်ကြေးကိစ္စကို ညှိနှိုင်းပေးကြတာပါ” ဟု ပြောကြားသည်။ 

ဖားကန့်ဒေသတွင် မြေပြိုကျမှု၊ နွံကန် ပေါက်ကျမှုကြောင့် ဧပြီ ၂၂ ရက်မှ ၂၅ ရက် အထိ လေးရက်ဆက်တိုက်မြေပြိုမှုများ၊ နွံကန် ပေါက်ကျမှုများဖြစ်ပေါ်ခဲ့ပြီး ၅၉ ဦး သေဆုံး ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ဧပြီ ၂၂ ရက် ည ၁၂ နာရီခန့်က ဗလခကျေးရွာ အနီးနွံကန်ပေါက်ကျရာ ၅၅ ဦးပျောက်ဆုံး ခဲ့ပြီး ယာဉ်ယန္တရား အစီး ၄ဝကျော်နစ်မြုပ်ကာ လူငါးဦး၏ အလောင်းများ ပြန်လည်ရ ရှိခဲ့ သည်။ ဧပြီ ၂၃ရက် ညပိုင်း ၁၀ နာရီခန့် မော် မောင်းလျှံအောက်ဘက်ရှိ ကချင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDP ) လုပ် ကွက်တွင် မြေစာပြစ်သည့်နွံကန်ဟောင်း ပြို ရာ အမျိုးနှစ်ဦးနှင့် ယာဉ်လေးစီးဆုံးရှုံးခဲ့ ကြောင်း သိရသည်။ ဧပြီ ၂၄ ရက် နံနက် ၄ နာရီခန့်တွင် လုံးခင်းကျေးရွာအုပ်စု ငိုးပင်း ကျေးရွာအနီး ငိုင်းပင်းလုပ်ကွက်-၇ ဝမ်းဘ ရားသားကုမ္ပဏီလုပ်ကွက်အတွင်း အမြင့်ပေ ၁၀၀ ခန့်မှ ကမ်းပါးမြေပြိုကျရာ အမျိုးသား တစ်ဦးနှင့် ဘက်ဖိုးယာဉ်တစ်စီး၊ ဖောက်စက် တစ်စီးတို့ ဆုံးရှုံးခဲ့ကြောင်း၊ ဧပြီ ၂၅ ရက်တွင် လုံးခင်း၊ အေးမြသာယာကျေးရွာအနီး လုပ် ကွက်တွင် ကမ်းပါးပြိုရာ အလုပ်သမားတစ်ဦး နေရာတွင် သေဆုံးခဲ့ပြီး တစ်ဦးမှာ ပြင်းထန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ အခင်း ဖြစ်ပွားခဲ့သည့်နေရာများကို ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် အဖွဲ့က ကွင်းဆင်းသွားရောက်ခဲ့ပြီး ဆယ်ယူ ရေးလုပ်ငန်းများ၊ နောက်ထပ်အန္တရာယ်မကျ ရောက်ရေးကိစ္စရပ်များ၊ အန္တရာယ်ရှိနိုင်သည့် အနေအထားများရှောင်ရှားရန်နှင့် သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလိုက် နာရန်ကိစ္စ၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများကို လျော်ကြေးပေးရန်ကိစ္စရပ် များနှင့် နှစ်သိမ့်ဆွေးနွေးမှုများကိုပြုလုပ်ခဲ့ ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment