ရန်ကုန်စည်ပင်ရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ဦးရေ ၁၄ ရာခိုင်နှုန်းကျော်သာ မဲပေးခဲ့ ကြောင်း အဆိုပါ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုသည်။
မဲဆန္ဒရှင်ဦးရေ ၃ ဒသမ ၄ သန်းကျော်ရှိသော်လည်း မဲပေးသူဦးရေ လေးသိန်းခွဲကျော်သာရှိ သည်။
ရန်ကုန်မြို့တွင်းရှိ ၃၃ မြို့ နယ်တွင် လှိုင်သာယာမြို့နယ် သည် မဲပေးနှုန်း အနည်းဆုံးဖြစ်ပြီး ရွှေပြည်သာနှင့် မင်္ဂလာဒုံမြို့နယ် သည် ဒုတိယနှင့် တတိယမဲပေးမှု နှုန်း အနည်းဆုံးဖြစ်သည်။
လှိုင်သာယာမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ လေးသိန်း ကျော်ရှိပြီး မဲပေးသူ ၁၈,၀၀၀ ကျော်သာရှိပြီး မဲပေးမှုနှုန်း ၄ ဒသမ ၄၄ ရာခိုင်နှုန်းသာရှိသည်။
ရွှေပြည်သာမြို့နယ်တွင် မဲဆန္ဒရှင် နှစ်သိန်းခွဲကျော်ရှိပြီး မဲပေးသူ ၂၅,၀၀၀ ကျော်သာရှိ၍ မဲပေးမှု ၁၀ ဒသမ ၈၂ ရာခိုင်နှုန်း၊ မင်္ဂလာဒုံမြို့နယ်သည် မဲဆန္ဒရှင် တစ်သိန်းခွဲကျော်ရှိပြီး မဲပေးသူ ၂၀,၀၀၀ ခန့်ရှိ၍ မဲပေးမှု ၁၁ ဒသမ ၂၀ ရာခိုင်နှုန်း ရှိခဲ့သည်။
ဒီချုပ်ပါတီရှုံးနိမ့်သည့် ဆိပ်ကမ်းမြို့နယ်သည် မဲပေးမှုနှုန်း အများဆုံးပြီး မဲဆန္ဒရှင် ၁,၀၈၈ ဦးရှိပြီး မဲပေးသူ ၇၉၂ ဦးရှိသဖြင့် မဲပေးမှုနှုန်း ၇၂ ဒသမ ၇၉ ရာခိုင် နှုန်းရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် သည် မဲပေးမှု ဒုတိယအများဆုံး ဖြစ်ပြီး မဲဆန္ဒရှင် ၂၃,၀၀၀ ကျော် အနက် မဲပေးသူ ၇,၀၀၀ ကျော်ရှိ၍ မဲပေးမှု ၃၁ ဒသမ ၆၂ ရာခိုင် နှုန်းရှိသည်။
ဒေါပုံမြို့နယ်တွင် မဲဆန္ဒရှင် ၄၀,၀၀၀ ကျော်အနက် မဲပေးသူ ၁၀,၀၀၀ ကျော်ရှိ၍ မဲပေးမှု ၃၀ ဒသမ ၈၇ ရာခိုင်နှုန်းဖြင့် တတိယ မဲပေးသူ အများဆုံးမြို့နယ်ဖြစ် သည်။
နိုင်ငံတော်သမ္မတ မဲပေးခဲ့ သည့် တာမွေမြို့နယ်သည် မဲပေး သူ ၁၂ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မဲပေးသည့် ဗဟန်းမြို့နယ်သည် မဲပေးသူ ၁၇ ဒသမ ၅၀ ရာခိုင်နှုန်း ရှိခဲ့သည်။
‘‘မဲပေးမှုရာခိုင်နှုန်းက အားရစရာအခြေအနေမဟုတ်တာ အ မှန်ပဲ’’ဟု ရန်ကုန်မြို့တော် စည် ပင်ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၁၄ က ပြုလုပ်သည့် ရန်ကုန်စည်ပင် ရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးခွင့်ရှိသူ လေးသိန်း ကျော်တွင် မဲပေးသူ တစ်သိန်း ကျော်ရှိသဖြင့် ယခုရွေးကောက် ပွဲက မဲပေးမှုနှုန်း ပိုနည်းခဲ့သည်။
ထိုသို့ စည်ပင်ရွေးကောက်ပွဲ မဲပေးသူ လျော့နည်းရခြင်းသည် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စား မှုမရှိခြင်းကြောင့်ဟု ကောက်ချက် ချနိုင်ကြောင်း ရွေးကောက်ပွဲဆိုင် ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှု ဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာ မြင့်က ပြောသည်။
‘‘လူထုစိတ်ဝင်တစားဖြစ် အောင် ကြိုတင်ပြီး ထိထိရောက် ရောက် မလုပ်နိုင်ခဲ့ဘူး။ ဒီရွေး ကောက်ပွဲက ဘယ်လောက်အ ရေးကြီးလဲ ဆိုတာကို လူထုသိ အောင် ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်မှုအားနည်းခဲ့ခြင်းရဲ့ အ ကျိုးဆက်လို့ ပြောရမယ်’’ဟု ၎င်း က သုံးသပ်သည်။
ထို့ကြောင့် လာမည့် ရွေး ကောက်ပွဲများတွင် ကော်မရှင်အ နေဖြင့် ပြုလုပ်မည့်ရက်ကို စောစီး စွာကြေညာရန်လိုပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများကို လူထုလွယ်လွယ် ကူကူသိမြင်နိုင်ရန် စီစဉ်ပေးခြင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ စနစ်တကျရေးဆွဲခြင်းတို့ ပြုလုပ် သင့်ကြောင်း ၎င်းက အကြံပြု သည်။
7Day






0 comments:
Post a Comment