တရုတ် လူငယ်ထုအနေနဲ့ ကွန်မြူနစ်ပါတီအပေါ် ချစ်ပြီး သစ္စာစောင့်သိကြရမှာဖြစ်ကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၃၀ ရက်မှာ တိုက်တွန်းပြောကြားသွားပါတယ်။
တရုတ်သမ္မတအနေနဲ့ နိုင်ငံမှာ မျိုးချစ်စိတ်ဓာတ် ထားရှိရေး လှုံ့ဆော်အားပေးဖို့ ရည်ရွယ်ပြီး ခုလိုမျိုး တိုက်တွန်းစကားဆိုသွားခဲ့ခြင်းလည်းဖြစ်ပါတယ်။
နိုင်ငံမှာ ကျောင်းသားဆန္ဒပြပွဲတစ်ခု ပေါ်ပေါက်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် အမျိုးသားရေးမိန့်ခွန်းတစ်ရပ်ကို ပြောကြားစဉ် သမ္မတ ရှီက အထက်ပါအတိုင်း ပြောဆိုသွားတာဖြစ်ပါတယ်။
တရုတ် ကွန်မြူနစ်ပါတီအနေနဲ့ လက်ရှိနိုင်ငံမှာ စီးပွားရေး နှေးကွေးမှု အခြေအနေနဲ့ ကြုံတွေ့နေရချိန် သမ္မတ ရှီရဲ့ အထက်ပါမိန့်ခွန်း ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။
“ လူတစ်ယောက်ဟာ မျိုးချစ်စိတ် မရှိဘူး၊ ဒါမှမဟုတ် ကိုယ့်အမိမြေအပေါ် သစ္စာ မစောင့်စည်းဘူးဆိုရင် ဒါ အင်မတန် ရှက်စရာ ကောင်းပါတယ်၊ ဒီလိုလူမျိုးကို ဘယ်နေရာကမှ လက်ခံမှာ မဟုတ်ပါဘူး” လို့ သမ္မတ ရှီက ပြောကြားသွားခဲ့ပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment