Monday, April 29, 2019

စစ်ကိုင်းစက်မှုဇုန် ‘ကံကောင်းခြင်း’ သားရေစက်ရုံအတွင်း နေထိုင်သော တရုတ်နိုင်ငံသားတစ်ဦးနှင့် အမျိုးသားလေးဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

စစ်ကိုင်းစက်မှုဇုန် ‘ကံကောင်းခြင်း’ သားရေစက်ရုံအတွင်း နေထိုင်သော တရုတ်နိုင်ငံသားတစ်ဦးနှင့် အမျိုးသားလေးဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည်။ 
ဧပြီ ၂၇ ညပိုင်းတွင် မူးယစ်ဆေးဝါးသတင်းအရ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့ အမှတ် ၂ နယ်မြေစခန်း၊ ပတ္တမြားရပ်ကွက်အုပ်ချုပ် ရေးမှူးအဖွဲ့သည် စစ်ကိုင်းစက်မှုဇုန်၊ ကံကောင်းခြင်း သားရေစက်ရုံသို့ ဝင်ရောက်ရှာဖွေစစ်ဆေးရာ အဆိုပါစက်ရုံရှိ စက်ရုံမန်နေဂျာ ကျော်စိုး၊ စက်ရုံမှူး ရှင်းရှိန်၊ စက်ရုံလုပ်သားများဖြစ်သော အောင်အောင်နှင့် မြင့်ဦးတို့ မူးယစ်ဆေးဝါးသုံးစွဲနေသည်ကို တွေ့ရှိခဲ့ကြောင်း ၎င်းတို့အား ဆက်လက်ရှာဖွေရာ MEVIUS ဆေးလိပ်ဗူးခွံအတွင်း ကပ်ခွာအပြာရောင်အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀ အလေးချိန် ၅ ဂရမ်ခန့် အထုတ်တစ်ထုတ် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် အောင်ကောင်းစံစာတန်းပါ ရေသန့်ဗူးနှင့် ဂေါက်တပ်လျက် ရေသန့်ဘူးတစ်ဘူး၊ SIN MIN စာတန်းပါ ရေသန့်ဘူးတွင် အချိုရည် ပိုက်တပ်လျက် ရေသန့်ဘူးသေးတစ်ဘူးအား အိပ်ယာခုတင် ခြေရင်းမှလည်းကောင်း မောင်ရှင်းရှိန်(ခ)အာ့ရှိန်၊ မောင်မြင့်ဦး(ခ)ကျန်းဝေချောက်အမည်ပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခုတို့အားလည်းကောင်း တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံ ရေးသွင်းသိမ်းဆည်းခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည်။ 

မူးယစ်ဆေးဝါး စိတ်ကြွရူးသွပ်ဆေး ပြားများ လက်ဝယ်တွေ့ရှိသူ အောင်အောင် (၄၀ နှစ်) စက်ရုံလုပ်သား စစ်ကိုင်းမြို့၊ ကျော် စိုး(၄၀ နှစ်) မန်နေဂျာ ‘ကံကောင်းခြင်း’ သားရေအချော စက်ရုံ ၊ မောင်ရှင်းရှိန်(ခ) အာ့ရှိန် (၃၉ နှစ်) စက်ရုံမှူး ကိုးကန့်၊ မြင့်ဦး (ခ) ကျန်းချောက် (၃၅ နှစ်) (ရှမ်းတရုတ်) စက်ရုံလုပ်သားတို့ကို မူးယစ်ဆေးဝါး ဥပဒေအရ အရေးယူပေးရန် ရဲအုပ်ဇော်ထွန်းက တိုင်တန်းသဖြင့် စစ်ကိုင်းမြို့မရဲစခန်းက မယ (ပ) ၇/၂၀၁၉ မူး/စိတ်ပုဒ်မ-၁၉(က) ၂ဝဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း စစ်ကိုင်းမြို့ မရဲစခန်းမှ သိရသည်။ 

ထို့ပြင် ဧပြီ ၂၈ မွန်းလွဲပိုင်းတွင် အဆိုပါစက်ရုံသို့ မူးယစ်ဆေးဝါးသတင်းအရ တာဝန်ရှိသူများမှ မူးယစ်ဆေးဝါးရှာဖွေဝရမ်းအမှတ် ၅/၂၀၁၉ ဖြင့် ဝင်ရောက်ရှာဖွေရာ စက်ရုံဝင်းအတွင်း နေထိုင်သော တရုတ်နိုင်ငံသား Mr. Bai Yu က ပတ်စ်ပို့ PPNO EA ----- ကိုင်ဆောင်သူ၏ နေအိမ်အိပ်ခန်းအတွင်း ရှာဖွေရာ အစိမ်းရောင် ပလက်စတစ်အိတ်နှင့် ထုတ်ထားသော WY ဆေးပြားနှစ်ပြား၊ WY ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား တစ်ပြားနှင့် မူးယစ်ဆေးဝါးအသုံးပြုရာတွင် အသုံးပြုသည့် ပစ္စည်းများဖြင့် တွေ့ရှိခဲ့ရသဖြင့် မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ တရုတ်နိုင်ငံသားMR. Bai YTu (၃၆ နှစ်) Qinghai မြို့၊ Xing & G, အား စစ်ကိုင်းမြို့မရဲစခန်းတွင် မယ(ပ)၈/၁၉ မူးစိတ်ပုဒ်မ ၁၆ (ဂ) ဖြင့် ဖမ်းဆီးအမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment