မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၂)ရန်ကုန် (အနောက်)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက် စဉ် လသာမြို့နယ်တွင် ဆေးခြောက်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်နေ့ ၁၇၀၀ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၂)ရန်ကုန် (အနောက်)မှ တပ်ဖွဲ့ဝင်များသည် လသာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သတင်းအရ သက်သေများနှင့် အတူ လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ ဇော်ဦး ၄၉ နှစ် နေထိုင်သည့် တိုက်ခန်းအား ဝင်ရောက်ရှာဖွေရာ တိုက်ခန်းလှေကားတွင် ဇော်ဦး အားတွေ့ရှိပြီး ၎င်း၏လက်အတွင်းနှင့် တိုက်ခန်းအတွင်းတို့မှ ပလတ်စတစ် ကပ်ခွာအိတ်များ၊ ပလတ်စတစ်အိတ်များဖြင့်ထည့် ထားသည့် ဆေးခြောက်အလေးချိန် ၁.၇၆ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂.၃၅ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံးနှင့် ဒစ်ဂျစ်တယ်ချိန်ခွင် ၁ ခုတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် လသာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Credit - CCDAC
The Ladies News

No comments:
Post a Comment