ရန်ကုန်မြို့တွင် နှစ်စဉ် ကျင်းပနေသည့် ရခိုင်ရိုးရာရေ သဘင်ပွဲတော်ကို ယခုနှစ်တွင် မကျင်းပရန် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် (ရန်ကုန်) ကျင်းပရေး ဗဟိုကော်မတီက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။
ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန် (ရန်ကုန်)ပွဲတော်ကို နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်ပွဲအစီ အစဉ်နှင့် ပျော်ပွဲရွှင်ပွဲအစီအစဉ် ရေသဘင်ပွဲဖြင့် ကျင်းပလာခဲ့ သည်မှာ ၁၀ နှစ်ကျော်ရှိပြီဖြစ် သည်။ လက်ရှိ ရခိုင်ဒေသခံများ၏ အခြေအနေနှင့် လုံခြုံရေးဆိုင်ရာ စဉ်းစားချက်တို့ကြောင့် ယခုနှစ် တွင် ပျော်ပွဲရွှင်ပွဲအစီအစဉ်ဖြစ် သည့် ရေသဘင်ပွဲကို ရပ်တန့်ထားရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ကော်မတီနာယက ဒေါ်စောခင် တင့်က ပြောသည်။
‘‘ရခိုင်ဒေသခံတွေမှာ ဒီလို စိတ်မချမ်းသာစရာတွေဖြစ်နေရ တယ်၊ ဘေးဒုက္ခကြုံတွေ့နေရ တယ်။ ဒီလိုအချိန်မှာ အန်တီတို့ က ပျော်ရွှင်ပြီးတော့ လုပ်နေတယ် ဆိုရင် သိပ်မဖြစ်ဘူးပေါ့နော်။ အ ကုန်လုံးကလည်း စိတ်မကောင်း ကြဘူး။ နောက်တစ်ခုက မဏ္ဍပ် ဝင်မယ့် မိန်းကလေးတွေကလည်း သူတို့အုပ်ထိန်းသူတွေရဲ့ ခွင့်ပြု ချက်တွေလည်း မရကြဘူး။ တစ် ခုခုဖြစ်မှာစိုးလို့ပေါ့နော်။ အဲဒါ တွေလည်း ပါပါတယ်။ တစ်ခုခု ပြဿနာဖြစ်ရင်လည်း အန်တီတို့ လုံခြုံရေးအတွက်လည်း အန်တီ တို့ လူကြီးတွေအနေနဲ့ ထည့်ပြီး တော့ ဒါကို စဉ်းစားရတယ်ပေါ့ နော်’’ ရခိုင်စာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်စောခင် တင့်က ပြောသည်။
ရန်ကုန်မြို့တော်တွင် ရခိုင် ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ကို ၂၀၀၄ ကစ၍ ကျင်းပခဲ့သည်။ စတင်ကျင်းပစဉ်ကစ၍ ကိုးနှစ် ဆက်တိုက် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူယာဉ်မောင်းသင် ကွင်း၌ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တွင် သုဝဏ္ဏအားကစားကွင်းသို့ ပြောင်းလဲကျင်းပခဲ့သည်။ ၂၀၁၉ အတွက် ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန က ဦးဆောင်ကာ ရေသဘင်ပွဲတော်ကို သုဝဏ္ဏအားကစားကွင်း တွင် ကျင်းပရန် စီစဉ်ထားပြီးနောက် ပြန်လည်ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ရေသဘင်ပွဲတော် မပါဝင်သော်လည်း နံ့သာသွေးပွဲ နှင့် ဘုရားရေသပ္ပာယ်ခြင်း အခမ်း အနားကို ရွှေတိဂုံစေတီမြောက် ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်မည်ဖြစ် ကြောင်း ဒေါ်စောခင်တင့်က ဆက်လက်ပြောသည်။
‘‘ခါတိုင်းကတော့ နံ့သာသွေးပွဲကတော့ မဏ္ဍပ်ဝင်တွေက ပြိုင် ပွဲအနေနဲ့ လုပ်တာလေ။ ဒီနှစ်က တော့ ပြိုင်ပွဲမဟုတ်ဘူး။ ဒါပေမဲ့ မြို့နယ် ၁၇ မြို့နယ်စလုံးတော့ ပါဝင်ကြမယ်။ လူမှုရေးအသင်း အဖွဲ့တွေလည်း ပါဝင်မယ်။ အမျိုးသမီးလေးတွေရော၊ အမျိုးသမီး ကြီးတွေရော၊ အမျိုးသားတွေရော နံ့သာသွေးလို့ရတယ်။ ဘုရားရေ သပ္ပာယ်ပွဲလည်း အားလုံးပါဝင် နိုင်တယ်။ ကုသိုလ်လုပ်လို့ရပါ တယ်’’ဟု ၎င်းက ပြောသည်။
‘‘ရခိုင်ဒေသခံတွေကို အား နာလို့ မလုပ်ဖြစ်တာ သဘာဝကျ ပါတယ်။ ပျော်ပွဲရွှင်ပွဲမပါလည်း သင်္ကြန်ဆင်နွှဲတာကို ရိုးရာယဉ် ကျေးမှုအရ ကုသိုလ်ယူတာမျိုးနဲ့ အနှစ်သာရရှိရှိလုပ်လို့ရပါတယ်’’ ဟု ရခိုင်ရေသဘင်ပွဲတော်တွင် သုံးနှစ်ဆက်တိုက် ပါဝင်ဆင်နွှဲခဲ့ သည့် သင်္ဃန်းကျွန်းမြို့နယ်မှ မသင်းသင်းနုက ပြောသည်။
၂၀၁၈ နှစ်ကုန်ပိုင်းက စတင်ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသတိုက်ပွဲ များကြောင့် ရခိုင်ပြည်နယ်အ တွင်း စစ်ဘေးရှောင်စခန်း ၂၀ ကျော်ရှိလာကာ လူ တစ်သောင်း ကျော် နေရပ်စွန့်ခွာထွက်ပြေးနေ ရသည်။ ထို့အပြင် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် သင်္ကြန်ပွဲတော် မကျင်းပနိုင်သည့် အခြေအနေရှိနေသလို ဒေသခံများသည် နှစ်သစ်ကူးကာလများ တိုင်စစ်ရှောင်နေရမည်ဆိုပါက အကူအညီများ ဆက်လက်လိုအပ်နေမည်ဖြစ် ကြောင်း ဒေသတွင်း လူမှုအဖွဲ့ အစည်းများက ဆိုသည်။
ရခိုင်ရေသဘင်ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအခမ်းအနား ထည့် သွင်းမပြုလုပ်ဖြစ်သည့် အ ကြောင်းရင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် ကို ဆက်သွယ်မေးမြန်းရာ တစ်စုံ တစ်ရာမှတ်ချက်ပေးမှုမရှိပေ။
7Day







0 comments:
Post a Comment