ထပ်ဆင့်အကယ်ဒမီနေတိုးဟာ နှစ်ပေါင်း ၂၀ ကျော် ပြန်မရောက်ဖြစ်ခဲ့တဲ့ မွေးရပ်မြေ မာန်အောင်မြို့ကို ဒီနေ့ မနက်ပိုင်းမှာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
နေတိုးကို ဒေသခံ ပရိသတ်တွေက ကျိတ်ကျိတ်တိုး ကြိဆိုကြပါတယ်။
ကွယ်လွန်သူ ညီငယ် မင်းသွေးကို ရည်စူးပြီး ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ သံကျောက်တောင်မှာ မဟာဇေယျသိဒ္ဓိ မဟာမုနိရှင်တော်မြတ်ဘုရားကြီးကို အနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပပြုလုပ်မှာလဲဖြစ်ပါတယ်။
အဲဒီဘုရားပွဲမှာ အနုပညာရှင်တွေကလဲ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ တင်ဆက်ဖျော်ဖြေကြမယ်လို့သိရပါတယ်။
Popular News Journal








No comments:
Post a Comment