အာဖဂန်နစ္စတန်နိုင်ငံမှာ လွှတ်တော်အမတ်သစ်တွေအတွက် ရွေးကောက်ပွဲမဲပေးပြီး ခြောက်လအကြာမှ သမ္မတ အက်ရှာရက်ဂါနီဟာ ဧပြီ ၂၆ ရက်မှာ နိုင်ငံရဲ့ လွှတ်တော်သစ်ကို ဖွင့်လှစ်ပါတယ်။
ရွေးကောက်ပွဲမှာ လိမ်လည်မှုတွေ ရှိတယ်လို့ ပြောဆိုချက်တွေ ကြားမှာပဲ အမတ်နေရာ နေရာလွတ်တွေ ဒါဇင်များစွာ ရှိနေတဲ့ကြားကပဲ လွှတ်တော်ကို ဖွင့်လှစ်လိုက်တာပါ။
အောက်တိုဘာ ၂၀ ရက်က ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်းက မဲရုံတွေကို အသေခံဗုံးခွဲတာတွေ တိုက်ခိုက်မှုတွေနဲ့ ရွေးကောက်ပွဲဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။
ရွေးကောက်ပွဲတာဝန်ရှိသူတွေက ကျွမ်းကျင်ပိုင်နိုင်မှု မရှိဘဲ ရွေးကောက်ပွဲကို အရကျင်းပပြီး ရလဒ်ဖော်ဆောင်တယ်လို့ စွပ်စွဲခံနေရပါတယ်။
“ပညာတတ်တွေ အများစုနဲ့ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးအတွက် ကာကွယ်ပေးကြမယ့် လူငယ်မျိုးဆက်တွေ အများစုပါဝင်တဲ့ နိုင်ငံရဲ့ လွှတ်တော်ကို ဒီကနေ့မှာ ဖွင့်လှစ်ပါပြီ။”လို့ သမ္မတ ဂါနီက ပြောပါတယ်။
လွှတ်တော် ဖွင့်လှစ်တာ ခုလို နောက်ကျတာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ အပြစ်မဟုတ်ဘဲ အရင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တွေရဲ့ ကျွမ်းကျင်မှု မရှိတာကြောင့် နောက်ကျရခြင်း ဖြစ်တယ်လို့လည်း သမ္မတ ဂါနီက အပြစ်ပြောဆိုခဲ့ပါတယ်။
Mizzima - News in Burmese

No comments:
Post a Comment