အစိုးရ၏ မူဝါဒ အပြောင်းအလဲကြောင့် ကျေးလက်မီးလင်းရေးနှင့် ကျေးလက်လမ်းတံတားစီမံကိန်းအချို့ အကောင်အထည်ဖော်ရန် ကြန့်ကြာနေကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ဧပြီ ၂၇ ရက်တွင်ပြောကြား သည်။
ပျော်ဘွယ်မြို့နယ် ထန်းပင်ကျေးရွာရှိ ဒေသခံပြည်သူ များနှင့်တွေ့ဆုံရာတွင် ဦးသောင်းအေးက ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“သူတို့ရဲ့မူဝါဒကဘာလဲဆိုတော့ ကျွန်တော်တို့ပျော်ဘွယ်မြို့နယ် က လူထုဗဟိုပြုလုပ်ငန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူထုဗဟိုပြုလုပ်ငန်းဆိုတာ ကမ္ဘာ့ဘဏ်က ချေးငွေ နဲ့ ကျွန်တော်တို့က ကျေးလက်ဖွံ့ဖြိုးရေးအတွက်ကို အလုပ် လုပ်ကြတာ အဲ့ဒီတော့ လူထုဗဟိုပြုလုပ်ငန်းချပေး ထားတဲ့အတွက် ပြည်ထောင်စုရန်ပုံငွေကနေ ဒီလမ်းတွေတံတားတွေအတွက် ကျွန်တော်တို့ပျော်ဘွယ်မြို့နယ်က ခံစားခွင့်မရှိပါဘူး လို့ဒီလိုကျွန်တော့်ကို လွှတ်တော်မှာဖြေပါတယ်။ လက်ရှိအစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေ ရှိလာတဲ့အတွက် အခုလို ကျွန်တော်တို့ လုပ်ပေးချင်တဲ့ဆန္ဒ ရှိပါသော်လည်း အခုလိုနှောင့်နှေးရတာပါ”ဟု ဦးသောင်းအေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများတွေ့ဆုံပွဲကို ထန်းပင်ရွာ ဓမ္မစကူးလ်ကျောင်း ဓမ္မာရုံအတွင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ၂၀၀ နီးပါးတက်ရောက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
Photo - credit
The Ladies News

No comments:
Post a Comment