Friday, May 3, 2019

ထောင်ပြေးနှင့် ဖောက်ထွင်းလုယက်မှု ကျူးလွန်သူ ၅ ဦးကို ဖမ်းမိ


ပဲခူးတိုင်ဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် စစ်ကွင်းမြို့ ရန်ကုန်-ပြည် ကားလမ်းရှိ ဝက်လှကြီး ဘုန်းကြီးကျောင်းတွင် နယ်မြေရဲကင်းမှ လှည့်ကင်းများဆောင်ရွက်စဉ် မသင်္ကာသူ လူ (၅) ဦးကို စစ်ဆေးရာပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်သော ဆိုင်ကယ်နှစ်စီး လက်ကိုင်ဖုန်း လေးလုံး ဖောက်ထွင်းရာတွင် အသုံးပြုသော လက်နက်ကိရိယာတွေနှင့်အတူ ဖမ်းမိခဲ့ကြောင်း စစ်ကွင်းနယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
အဆိုပါ ဖမ်းဆီးရမိထားသည့် ထွန်းထွန်း၊ အောင်မြင့်သိန်း၊ နေမျိုးအောင် (ခ) သန်းဇော်ဦး၊ ဇော်မင်းဦး၊ ချမ်းမြေ့အောင်တို့ (၅) ဦးထဲမှာ ဆိုင်ကယ်နှင့် နယ်လှည့်လုယက်သူများဖြစ်ကြောင်း ဖမ်းဆီးစဉ် သက်သေအဖြစ်ပါဝင်ခဲ့သော စစ်ကွင်းမြို့ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။ 

“ဖမ်းမိတဲ့သူတွေကို (ပ) ၆၅/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/၅၄ နဲ့ အမှုဖွင့်ဆောင်ရွက်ထားပါတယ်။ မေလ ၃ ရက်နေ့ အထိ စစ်ဆေးချက်အရ ဖမ်းမိသူတွေထဲမှာ တောင်ကြီးဘက်က လုယက်သူပါတယ်။ ထောင်ဖောက်ပြေးတဲ့သူပါတယ်။ ဖောက်ထွင်းခိုးယူမှုကျူးလွန်ထားတဲ့ သူပါတယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ အသေးစိတ် သတင်းထုတ်ပြန်ပေးပါမယ်”ဟု စစ်ကွင်းမြို့နယ်မြေ ရဲတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

The Voice

0 comments:

Post a Comment