Thursday, May 2, 2019

ဆိုင်ကလုန်း ဖန်နီ ကုန်းတွင်းဝင်ရောက်မှုဖြစ်စဉ် စတင်နေပြီ


ဆိုင်ကလုန်းဖန်နီ၏ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကုန်းတွင်းသို့ ၀င်ရောက်မှုဖြစ်စဉ် စတင်နေပြီဖြစ်ကြောင်း NDTV သတင်းဌာနကဆိုသည်။ ပုံမှာ သြရိဿပြည်နယ် ပူရီမြို့မှ ၆၅ ကီလိုမီတာအကွာ ဆဌပဒ(Satapada)မြို့အနီး ချီလီကာရေကန်(Chilika Lake)အနီးတ၀ိုက် မြင်ကွင်းတစ်ခုဖြစ်သည်။ 
အလွန့်အလွန်အားကောင်းသော ဖန်နီဆိုင်ကလုန်းမုန်တိုင်းသည် နောက်(၁၂) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဂိုလ်ပါပူရ်မြို့(Gopalpur)နှင့် ချန်ဘာလီမြို့ (Chandbali)အကြား၊ ပူရီမြို့(Puri)အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီအဖြစ်သို့ အားလျော့ကာ၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေမည်ဖြစ်ကြောင်း မြန်မာ့မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ 

မြန်မာ့မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်(၇)နာရီကထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ကြောင်းသိရသည်။ 

Ref: 
1/ Cyclone Fani Live Updates: "Impact Of Landfall Process Has Started," Says MeT Official(NDTV) 
2/Hundreds of trees were uprooted in Balgoan, adjacent to Chilika Lake(The Hindu News)
Popular News Journal 

No comments:

Post a Comment