Wednesday, May 29, 2019

ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၇ ဦး သေဆုံး


ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက်မှာ မေလ ၂၈ ရက်က ဆီးရီးယားအစိုးရနဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ 
ရုရှားကျောထောက်နောက်ခံပြုတဲ့ ဆီးရီးယားအစိုးရက အီဒလစ်ပြည်နယ်တောင်ပိုင်းနဲ့ ဟာမားမြို့ ပတ်ဝန်းကျင်နားကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နှစ်သိန်းခွဲနီးပါး အိုးအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။ 

မေလ ၂၈ ရက်နေ့က ဆူဖ်ဟန်ကျေးရွာမှာ ပြိုကျနေတဲ့ အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့လူတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက ဆွဲထုတ်နေတဲ့ ရုပ်သံကို ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့ White Helmets က ထုတ်ဖော်ပြသခဲ့ပါတယ်။ 

ကြီးမားတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဆူဖ်ဟန်ကျေးရွာမှာ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။ 

ဧပြီ ၂၈ ရက်ကတည်းက ခုထိ ဆီးရီးယားနိုင်ငံမှာ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၂၂၉ ဦး သေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့တဲ့အပြင် သုံးသိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ကျန်းမာရေး စောင့်ရှောက်ရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ သမဂ္ဂက ပြောပါတယ်။

DVB

No comments:

Post a Comment