ဖေ့စ်ဘွတ်ခ်ကော်ပိုရေးရှင်းဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်တဲ့ ကြိုးပမ်းမှုအဖြစ် ပြင်ဆင်ထားတဲ့ လူမှုကွန်ရက်ကို ဧပြီ ၃၀ ရက်နေ့က ပွဲထုတ်ပြသခဲ့ပါတယ်။
၈၇ သန်းသော သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်ဟာ မနှစ်တုန်းက F8 ပွဲမှာ ပြသခဲ့တဲ့ ကုန်ပစ္စည်းတချို့ ဖြန့်ချိတာကို အချိန်ဆွဲခဲ့ပါတယ်။
ဧပြီ ၃၀ မှာ စီအီးအို ဇူကာဘတ်က News Feed ကို အဓိကမထားတဲ့ လူမှုကွန်ရက်စာမျက်နှာ ဒီဇိုင်းသစ်ကို ပွဲထုတ်ပြသခဲ့ပါတယ်။
အဲဒီနောက် မက်ဆေ့ခ်ျ အပလီကေးရှင်း၊ အွန်လိုင်းဈေးဝယ်ဌာနနဲ့ video-on-demand ဆိုက်တွေကို ပြသခဲ့ပါတယ်။
ဇူကာဘတ်က “အသုံးပြုတဲ့ အုပ်စုတွေကြားမှာ လုံခြုံမှုကို အလေးထားပါတယ်။ အဲဒီ အုပ်စုတွေကို လူတွေလာဖို့ ထောက်ခံပြောဆိုနေချိန်မှာပဲ အဲဒီ ထောက်ခံချက်တွေဟာ သတင်းမှားတွေနဲ့ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရာတွေ ထပ်တလဲလဲ ဖြန့်ချိနေတဲ့ အုပ်စုတွေကို highlight မလုပ်မိစေဖို့ အလေးထားသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။
အခုအခါ ဖေ့စ်ဘွတ်ခ်ဟာ မက်ဆင်ဂျာ အပလီကေးရှင်းကို အရွယ်ပိုငယ်ပြီး ပိုမြန်ဆန်စေဖို့ “LightSpeed” ကို ဖန်တီးနေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
DVB

No comments:
Post a Comment