ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ ဖမ်းဝရမ်းထုတ်ပြန်ထားသည့် ဆရာတော်ဦးဝီရသူမှာ ရန်ကုန်သို့ရောက်ရှိနေပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ အမျိုးသားရေးအဖွဲ့များနှင့်အဆက်အသွယ်မရသေးကြောင်း ယင်းအဖွဲ့၏ပြောဆိုခွင့်ရှိသူ ဦးဝင်းကိုကိုလတ်က ပြောကြားသည်။
''အဲ့တာကတော့ကျွန်တော်တို့လည်း ဆရာတော့်ဆီကအဆက်သွယ်ကိုစောင့်မျှော်နေပါတယ်။ဆရာတော်ကရန်ကုန်ကိုကြွလာတယ်ဆိုတာဟုတ်တယ်။သို့သော်ဆရာတော့်ရဲ့အဆက်သွယ်ကိုမရရှိသေးပါဘူး။မီဒ်ယာမှာဖြေကြားထားတညရှိတယ် အဲ့တာက သူ့အနေနဲ့သြဝါဒပြောထားပြီးသားဖြစ်တယ်သူ့အနေနဲ့ ကျွန်တော်တို့ကိုဆက်သွယ်လာမှာပါ'' ဟု ဦးဝင်းကိုကိုလတ် ကပြောကြားသည်။
ဆရာတော်ဦးဝီရသူကို ထောက်ခံသူများက ယနေ့ မွန်းလွဲ ၂နာရီခန့်က ဗဟန်းမြို့နယ်ရှိ ကြေးသွန်းဘုရားအရှေ့တွင် စုရုံးခဲ့ပြီး ၄င်းမှတဆင့် ရွှေတိဂုံစေတီတော်ရှိ အောင်မြေတွင် မေတ္တာပို့ဆုတောင်းခဲ့ကြကြောင်းသိရသည်။
ဦးဝီရသူက ရန်ကုန်သံဃာနာယကအဖွဲ့တွင် ဆုံးမသြဝါဒခံယူ မည်ဆိုသည့် သတင်းများအပြင် သီတဂူဆရာတော်ကြီးအား လူမှုကွန်ရက်စာနှာတွင် ငါရဲဘော်ဆိုသည့်ပြောစကားကြောင့် စော်ကားပြောဆိုမှုများမှကင်းရှင်းရန် ဆုတောင်းခြင်းဖြစ်ကြောင်း ပြောဆိုခွင့်ရှိသူများကဆိုသည်။
ဆရာတော်ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းသံဃာ့နာယကအဖွဲ့က ဦးဝီရသူအား ဆုံးမသြဝါဒပေးရန်ကို မေ ၂၉ရက် ညနေပိုင်းက ဆိုင်းငံ့လိုက်ကြောင်းထုတ်ပြန်ထားသည်။
The Fifth Wave News

No comments:
Post a Comment