Wednesday, May 29, 2019

အစိုးသက်တမ်းတတိယနှစ်၊ ၀န်ကြီးဌာနအလိုက်ဆောင်ရွက်ခဲ့မှုများ သတင်းစာရှင်းလင်း



အစိုးသက်တမ်း တတိယတစ်နှစ်တာကာလထဲမှာဆောင်ရွက်ခဲ့ တာတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနအလိုက် ရှင်းလင်းတဲ့ သတင်းစာ ရှင်းလင်းပွဲတွေကို မေ(၉)ရက်ကတည်းက စတင်ကာ နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနရုံးမှာ ကျင်းပခဲ့ပါတယ်။ 

ဒီနေ့ မေ(၂၉)ရက်မှာတော့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ၀န်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန တို့က ရှင်းလင်း သွားမှာဖြစ်ပါတယ်။ 

မေ(၃၁)ရက်မှာတော့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန တို့က ရှင်းလင်းသွားမယ်လို့သိရပါတယ်။ 





သတင်း - ငြိမ်းချမ်းအောင် 
One News Myanmar 


No comments:

Post a Comment