မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ မေ ၂၆ ရက် မနက်ပိုင်းက ခရီးသွားထောက်ခံစာ မပါတဲ့ ရခိုင်ပြည်နယ်က လူ(၁၀)ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရေနံမ နယ်မြေအတွင်း တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာသူတွေ ဖြတ်သန်းသွားလာနိုင်တာကြောင့် မင်းလှမြို့နယ်ရဲတပ်ဖွဲ့ က တပ်ဖွဲ့ဝင်တွေဟာ မြို့သစ်ကျေးရွာအနီး ပိတ်ဆို့စစ်ဆေးနေစဉ် သခွတ်ရင်းကျေးရွာ မြောက်ဘက် (၂)မိုင်ခန့် အကွာက တောထဲမှာ မသင်္ကာဖွယ် လူစိမ်းတွေ တွေ့ရှိတယ်လို့ သတင်းရရှိခဲ့ပါတယ်။
ဒါကြောင့် တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်က ခရီးသွားထောက်ခံစာမပါတဲ့ ရခိုင်ပြည်နယ်က အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် အထောက်အထားမဲ့ဝင်ရောက်လာသူတွေကို လမ်းပြအဖြစ် ပို့ဆောင်ပေးသူ ထွန်းနိုင်ဆိုသူကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးရမိသူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက် နေတယ်လို့ သိရပါတယ်။
သတင်း - ဝေဖြိုးလေး(မကွေး)







0 comments:
Post a Comment