Friday, May 31, 2019

ညအိပ်ရပ်နားတဲ့ရေယာဉ်ကနေ ရေဆင်းချိုးတဲ့ကျောင်းသားတစ်ဦးပျောက်ဆုံးနေ



ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင် အမြန်ရေယာဉ် ပေါ်က ရေဆင်းချိုးတဲ့ ကျောင်းသားတစ်ဦး ပျောက်ဆုံးနေပါတယ်။ 

ဟုမ္မလင်းကနေ မုံရွာကို ပြေးဆွဲတဲ့ ခရီးသည်တင်ရေယာဉ်ဟာ ကလေးဝမြို့ ဆိပ်ကမ်းမှာ ညအိပ် ရပ်နားချိန် မေလ ၃၁ ရက် မနက်အစောပိုင်း တစ်နာရီလောက်မှာ ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ ကျောင်းသားဟာ ရေဆင်းချိုးရာကနေ ပျောက်ဆုံးနေတာလို့ ကလေးဝမြို့နယ် ၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီ အဖွဲ့ဝင် ဦးဖြိုးသော်ဦးက ပြောပါတယ်။ 
ဒီကျောင်းသားဟာ အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး မုံရွာ ပညာရေးကောလိပ်မှာ ဒုတိယနှစ် တက်ရောက်မယ့်သူလည်းဖြစ်တယ်လို့သိရပါတယ်။ 
"နံနက်၁နာရီလောက်မှာ ရေဆင်းချိုးရင်း ပျောက်သွားတာ။ သူ့သူငယ်ချင်းတွေက ပျောက်လို့ လိုက်ရှာနေတာ။ နံနက်၎နာရီလောက်မှ သတင်းရလို့ ရ.စ.က အဖွဲ့နဲ့ မီးသတ် တပ်ဖွဲ့က ရှာနေတာ။ အခုအချိန်အထိတော့ မတွေ့သေးဘူးဓ လို့ ဦးဖြိုးသော်ဦးက ဆိုပါတယ်။ 
အဲဒီရေယာဉ် ပေါ်မှာ ပျောက်ဆုံးနေတဲ့ကျောင်းသားအပါအဝင် မုံရွာပညာရေးတက္ကသိုလ်မှာ ဒုတိယ နှစ် တက်ရောက်မယ့် ကျောင်းသား ၁၁ ဦး လိုက်ပါလာတာလို့သိရပါတယ်။ 
ကလေးဝမြို့ မ ရဲစခန်းက လည်း ညအိပ်ရပ်နားထားတဲ့ ရေယာဉ်ပေါ်ကနေ ရေဆင်းချိုးတဲ့ကျောင်းသားပျောက်ဆုံးနေတာကို အတည်ပြု ပေးပြီး ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

သတင်း - မျိုးမင်းဦး ၊ ဓာတ်ပုံ - ကလေးဝ မြို့နယ် မီးသတ်ဦးစီးဌာန
7Day

No comments:

Post a Comment