ကျူးကျော်များကို မြေနေရာအခမဲ့ပေးရန် ရန်ကုန်တိုင်းအစိုးရ စတင်စီစဉ်နေပြီဖြစ်ကြောင်းသိရသည်။ ယင်းအစီအစဉ်ကို လှိုင်သာယာမြို့နယ်တွင် စတင်အကောင်အထည် ဖော်မည်ဖြစ်ပြီး စီမံကိန်းကာလကို ၆ လအတွင်း အပြီးဆောင်ရွက်မည် ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၆ ခုတွင် အကောင်းအထည်ဖော်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေး ဦးစီးဌာနထံမှသိရသည်။
“တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီမြေတွေမှာ သူတို့ကို အသုံးပြုခွင့်ပေးမယ်၊ လောလောဆယ် အခုက သူတို့က တစ်ဧကကို အိမ်ထောင်စု ၃၀ ကနေ ၃၅ စု အကြား နေထိုင်နေတာတွေ့တယ်။ အဲလူတွေသည် ဒီမြေလေးကို စုပေါင်းပိုင်ကြမယ်ပေါ့” မြို့ပြနှင့် အိမ်ရာဖွံဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစိုးရက အခမဲ့ချထားပေးသော မြေပေါ်တွင် နေထိုင်ရန် အိမ်များကို ကျူးကျော်များက မိမိတို့ဘာသာဆောက်လုပ်ရမည် ဖြစ်ပြီး အဆောက်အဦးဆောက်လုပ်ရန် မတတ်နိုင်သူများကိုလည်း လိုအပ်သော ငွေချေးပေးရန် လည်း အစိုးရကကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၎င်းကဆိုသည်။
“အစိုးရအနေနဲ့သူတို့လိုအပိတဲ့ မီးတို့ ရေတို့ လမ်းတို့ကို ဖန်တီးပေးသွားမယ့် အစီအစဉ်တွေရှိပါတယ်” ၎င်းက ဆက်လက်ပြောကြားသည်။
ချေးငွေရယူထားသူများများအနေဖြင့် တစ်လလျှင် ၈ သောင်းခန့်ဖြင့် အရစ်ကျ နှစ်ရှည် ပေးဆပ်သွားနိုင်ရန် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ဖွံ့ဖြိုးရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
“မှန်မှန်ကန်ကန်သွင်းနိုင်တဲ့ သူတွေကတော့ သူအိမ်နဲ့သူပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။မှန်မျန်မသွင်းနိုင်တဲ့ ကိစ္စတွေလည်း ရှိလာနိုင်ပါတယ်။အဲတာကိုလည်း အဖွဲ့နဲ့စုပေါင်းဖြေရှင်းသွားဖို့ စီစဉ်ထားပါတယ်”ဟု၎င်းကဆိုသည်။
လက်ရှိ ရန်ကုန်မြို့တွင် ကျူးကျော်အိမ်ထောင်စု တစ်သိန်းခွဲခန့်ရှိနေနိုင်ကြောင်း တိုင်းဒေသကြီးအစိုးရ၏ စာရင်းများအရသိရသည်။
NW(iseemedia)








0 comments:
Post a Comment