Thursday, May 2, 2019

အိန္ဒိယအရှေ့ဖက်ကမ်းခြေဒေသတွေမှာ ဆိုင်ကလုန်းဖန်နီနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပြီ



အင်အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ ဒေသစံတော်ချိန် ဒီနေ့ ညနေ ၅နာရီခွဲမှာ အန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေဒေသတွေဆီကို ၀င်မယ်လို့ မျှော်လင့်ခန်းမှန်းထားတာကြောင့် အန်ဒရာပရာဒက်ရှ်နဲ့ သြဒိသပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေဟာ ဒေသခံပြည်သူတွေ လုံခြုံစိတ်ချစေရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေကို စီမံခန့်ခွဲဆောင်ရွက်နေကြပါတယ်။ 
စားနပ်ရိက္ခာတွေ၊ ရေချိုသောက်ရေတွေကို အဆင်သင့်စီစဉ်ထားပြီး နေထိုင်စရာ ရှယ်လ်တာတွေကိုလည်း အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ ထို့အတူပဲ ဗီဇာကာပတ္တနမ်မြို့က တာဝန်ရှိသူတွေကလဲ ဒေသခံပြည်သူတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလို့သိရပါတယ်။ 
ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အခြားတာဝန်ရှိအဖွဲ့အစည်းတွေဟာလဲ အားလုံးအဆင်သင့်ရှိနေကြပြီလို့ဆိုပါတယ်။ 
အခုအချိန်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ သြဒိသကမ်းခြေကနေ ကီလိုမီတာ ၄၅၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ သိရပါတယ်။ 

Ref: The cyclone is expected to make landfall today at 5.30(The Hindu News) 
Photo - The Hindu News, Reuters
Popular News Journal 

No comments:

Post a Comment