ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ ဥပဒေတစ်ခုအတည်ပြုလိုက်ပါတယ်။ အဲဒီဥပဒေအရ ကျောင်းဆရာတွေဟာ ကျောင်းခန်းထဲမှာတောင် သေနတ်ကိုင်ခွင့်ရတော့မှာပါ။
ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်က အဲဒီပြည်နယ်မှာရှိတဲ့ ပါ့ခ်လန်အထက်တန်းကျောင်းမှာ ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားဟောင်းသေနတ်သမားတစ်ယောက်က ၀င်ပစ်လို့ လူ ၁၇ ယောက်သေဆုံးပြီး ၁၇ ယောက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်အပြီးမှာ မိတ်ဆက်ခဲ့တဲ့အစီအစဉ်ကို ချဲ့ထွင်တဲ့အနေနဲ့ အခုဥပဒေပြဋ္ဌာန်းပြီး ဆရာတွေကို သေနတ်ကိုင်ခွင့်ပြုတာပါ။
ဂါးဒီးယန်းလို့နာမည်ပေးထားတဲ့အစီအစဉ်မှာပါဝင်မယ်လို့ပြောထားတဲ့ကျောင်းတွေရဲ့ ၁၄၄ နာရီကြာမယ့် လေ့ကျင့်ရေးအစီအစဉ်ကို အောင်မြင်တဲ့ဆရာတွေက လက်နက်ကိုင်ခွင့်ရမှာပါ။
လူအများကြီးကိုပစ်သတ်မယ့်သေနတ်သမားတစ်ယောက်ကိုတားဖို့ သေနတ်ကိုင်ထားတဲ့ဆရာတစ်ယောက်က အကောင်းဆုံးကာကွယ်ရေးအစီအစဉ်လို့ သမ္မတဒေါ်နယ် ထရမ့်နဲ့ အမေရိကန်အမျိုးသားရိုင်ဖယ်အသင်းတို့က ထောက်ခံပြောဆိုပါတယ်။
သေနတ်ကြောင့်ဖြစ်တဲ့ဖြစ်ရပ်တွေကို တုံ့ပြန်တဲ့နေရာမှာ သေနတ်တွေပိုများတာဖြစ်သင့်သလားဆိုတာနဲ့ အကြပ်အတည်းတစ်ခုမှာ ဆရာတစ်ယောက်က မှားပြီးပစ်မိတာ၊ သေနတ်ကိုင်ထားတဲ့ဆရာတစ်ယောက်ကို စစ်သွေးကြွတစ်ယောက်အနေနဲ့ ရဲတွေက မှားပြီးသတ်မှတ်မလားဆိုတာတွေအတွက် အခုအစီအစဉ်ကိုဆန့်ကျင်သူတွေက မေးခွန်းထုတ်နေပါတယ်။
ဂါးဒီးယန်းအစီအစဉ်အရ ၁၄၄ နာရီကြာမယ့်သေနတ်ပစ်လေ့ကျင့်သင်တန်းမှာပါဝင်ဖို့ ဖလော်ရီဒါမှာရှိတဲ့ခရိုင် ၆၇ ခုထဲက အခု ၄၀ မှာရှိတဲ့ကျောင်းဝန်ထမ်းတွေက စာရင်းသွင်းထားတယ်လို့ အမေရိကန်ဟောက်စ်လွှတ်တော်ဥက္ကဋ္ဌပြောခွင့်ရသူတစ်ယောက်ကပြောပါတယ်။
Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-Tampa Bay Times







0 comments:
Post a Comment