Monday, May 27, 2019

ဘရာဇီးနိုင်ငံတဝန်း သမ္မတ ဘော်စိုနာရိုကို ထောက်ခံကြောင်း ဆန္ဒပြ


ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့နဲ့ တခြားမြို့တွေမှာ နိုင်ငံသားတွေဟာ လက်ယာစွန်းသမ္မတ ဘော်စိုနာရိုကို ထောက်ခံကြောင်းပြဖို့ မေလ ၂၆ ရက်က ဆန္ဒပြခဲ့ပါတယ်။ 
ဒါ့အပြင် ဘော့စိုနာရိုရဲ့ ဥပဒေပြုရေး လုပ်ငန်းစဉ်ကို ပိတ်ဆို့ထားတဲ့ အောက်လွှတ်တော် အမတ်တွေကိုလည်း ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ 

ဒီထောက်ခံဆန္ဒပြပွဲလာ လူဦးရေကို တရားဝင် ခန့်မှန်းချက်တော့ မထွက်သေးပါဘူး။ 

ဒါပေမယ့် မေလ ၁၅ ရက်က သမ္မတကို ဆန့်ကျင်ဆန္ဒပြပွဲထက်တော့ အရွယ်အစား သေးတယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

ပညာရေးအသုံးစရိတ်နဲ့ ပတ်သက်တဲ့ အစိုးရအစီအစဉ်ကို ဆန့်ကျင်ပြီး ဘရာဇီးနိုင်ငံတလွှား မြို့ပေါင်း ၂၀၀ ကျော်မှာ ထောင်သောင်းချီတဲ့ လူတွေ မေလ ၁၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ 

ဘော့စိုနာရိုဟာ နိုဝင်ဘာ ရွေးကောက်ပွဲမှာ လွယ်လွယ်ကူကူ နိုင်ခဲ့တာပါ။ ဒါပေမယ့် ဇန်နဝါရီ ၁ ရက် ရုံးတက်ချိန်ကစပြီး သူ့ကို လူကြိုက်များမှုက မဲဆန္ဒနယ် တော်တော်များများမှာ ထိုးကျခဲ့ပါတယ်။ 

မေလ ၂၄ ရက်မှာ ထုတ်ပြန်တဲ့ စစ်တမ်းအရ သူ့အစိုးရကို ကျေနပ်သူထက် မကျေနပ်သူ ပိုများနေတာ တွေ့ရပါတယ်။

DVB

0 comments:

Post a Comment