ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက ရွေးကောက်ခံသမ္မတ ဇေလန်စကီကို ညှိနှိုင်းကြိုးပမ်းဆောင်ရွက်ဖို့နဲ့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး ရုရှားအပေါ် ဒဏ်ခတ်မှု တိုးမြှင့်လုပ်ဆောင်ဖို့ ဧပြီ ၃၀ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းရွေကောက်ပွဲကော်မရှင် နောက်ဆုံးရလဒ် အစီရင်ခံစာမှာ နိုင်ငံရေးအတွေ့အကြုံ မရှိတဲ့ ဟာသ သရုပ်ဆောင် ဇေလန်စကီက ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရတာကို အတည်ပြုခဲ့ပါတယ်။
ကော်မရှင် ထုတ်ပြန်ချက်အရ ဇေလန်စကီဟာ ၇၃ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့ပြီး ပိုရိုရှန်ကိုကတော့ ၂၅ ရာခိုင်နှုန်းအောက်သာ ရခဲ့ပါတယ်။
ဒီအတွက် ပိုရိုရှန်ကိုက ဇေလန်စကီကို မဲဆွယ်ပွဲယှဉ်ပြိုင်မှုတွေ ဘေးချိတ်ပြီး ရုရှား ဆန့်ကျင်တဲ့ အစိုးရတရပ် ဖွဲ့စည်းရေး အာရုံစိုက်ဖို့ တိုက်တွန်းခဲ့တာပါ။
ရွေးကောက်ပွဲအနိုင်ရတဲ့ ဇေလန်စကီဟာ ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ရုရှားသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ သောင်းကျန်းမှုကို ရုရှားက ထောက်ပံ့ပေးနေမှု စတဲ့ အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့နိုင်ငံကို ဦးဆောင် ထိန်းကျောင်းရမှာပဲ ဖြစ်ပါတယ်။
DVB

No comments:
Post a Comment