Tuesday, May 28, 2019

ခရိုင်ဥပဒေ အရာရှိ တစ်ဦးနှင့် နယ်မြေရဲ စခန်းမှူးတို့ အဂတိလိုက်စားမှုဖြင့် အရေးယူခံရ


တောင်ငူခရိုင် ဥပဒေ အရာရှိ ဦးမောင်မောင်အေးနှင့် ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီမှ မေလ၂၇ရက်နေ့က အမှုဖွင့် အရေးယူ လိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။ 
''တောင်ငူ ခရိုင်ဥပဒေ အရာရှိ ဦးမောင်မောင်အေးနဲ့ ဆွာ နယ်မြေရဲ စခန်းမူး ရဲအုပ်နေလင်းအောင်တို့ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တာ ဟုတ် ပါတယ်။ အခု စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု တောင်ငူ မြို့မရဲ စခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ် ၊ ဆွာမြို့ ၊ ဆွာမင်းလမ်း ကျေးရွာ အုပ်စု အေးသာယာရွာနေ မောင်ပိုင် (ခ)ရဲထက်ပိုင် နှင့် မတိုးတိုးဝေ တို့ချစ်ကြိုက် ခိုးပြေး ကြရာတွင် မတိုးတိုးဝေ ဖခင်မှ မကျေနပ်၍ ဆွာမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြား ခဲ့ရာတွင် မောင်ပိုင် (ခ)ရဲထက်ပိုင် ၏ အဖိုးပါ (၂)အား အချုပ်ထဲထည့်ကာ ငွေကျပ် သိန်း( ၃၀)ပေးလျှင် ပြန်လွှတ်ပေးမည်ဟု ပြောဆို၍ ပေးခဲ့ရ ခြင်းအား အရေးယူပေးရန် အာဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်အရှင်သို့ တိုင်းကြားခဲသည့် အတွက် ကော်မရှင်မှ စုံးစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေး ခဲ့ရာ အမှုနှင့်ပတ်သက်ပြီး တောင်ငူခရိုင် ဥပဒေ အရာရှိ ဦးမောင်မောင်အေးမှ တရာခံ(၃)ဦးထံမှ တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်း ဖြင့် သိန်း (၃၀)ပေးရန် ပြောကြားခဲ့သဖြင့် ရှေ့နေမှတစ်ဆင့် လက်ခံရယူခဲ့ကြောင်း စစ်ဆေး တွေ့ရှိရပြီး ၊ တရာခံ (၃)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ နှင့်အညီ လွှတ်ရန်နှင့် မောင်ပိုင်( ခ)ရဲထက်ပိုင် တစ်ဦး တည်းကိုသာ တရားစွဲ ဆိုရန် ဥပဒေ ထင်မြင်ချက်ပေးခဲ့ခြင်း၊ ဆွာနယ်မြေ ရဲစခန်းမူး ရဲအုပ် နေလင်းအောင် သည် ရဲစခန်းပိုင် အနေဖြင့် အဆင်ပြေအောင် ဆောင်ရွက် ပေးမည်ဟု ပြောဆိုပြီး တရာခံ ၏ သမီး ထံမှ ငွေကျပ်( ၃)သိန်း အား အထက်တန်း ရှေ့နေမှ တဆင့် လက်ခံရယူခဲ့ပြီး ၊ အထက်တန်းရှေ့နေ စီစဉ် ပေးသည့် ဧည့်ခံပြုစုသည့်ဝန်ဆောင် မှုများကို ရယူခဲ့ခြင်း ၊ တံစိုးလက်ဆောင် ရယူခဲ့ခြင်း တို့အပြင် ရာထူးတာဝန်ကို အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် ခဲ့သဖြင့် တောင်ငူ ခရိုင် ဥပဒေ အရာရှိ ဦးမောင်မောင်အေး နှင့် ဆွာ နယ်မြေရဲစခန်း မှူးရဲအုပ် နေလင်းအောင် တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရပဲခူးတိုင်း ဒေသကြီး တောင်ငူ မြို့မရဲ စခန်းနှင့် ရေတာရှည် မြို့မရဲစခန်းတို့တွင် တရားစွဲဆို အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
အဖြူရောင်
Isee Media 

0 comments:

Post a Comment