တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာပြန်စစ်ခကို ယခင်နှစ် အထိ တစ်ဘာသာလျှင် ကျပ်ငါးထောင်သာ ပေးသွင်းရသော် လည်း ယခု ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲကစကာ တစ်ဘာသာလျှင် ကျပ် ၂၅,၀၀၀ အထိ တိုးမြှင့်ခဲ့သည်။
၂၀၁၉ တက္ကသိုလ်စာမေးပွဲ တွင် ဘာသာရပ်ဆိုင်ရာ ရမှတ် များ မျှော်မှန်းထားသည်ထက် လျော့နည်းနေပါက အမှတ်စာ ရင်း စတင်ထုတ်ပေးပြီး နှစ်ပတ် အကြာ၌ တစ်ဘာသာလျှင် ကျပ် ၂၅,၀၀၀ နှုန်း ပေးသွင်းကာ ရမှတ်ကို ပြန်လည်စိစစ်နိုင်သည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဧပြီ ၂၉ ရက်တွင် ကြေညာသည်။
‘‘အောင်စာရင်းထွက်ပြီးရင် ကြည့်ချင်တဲ့ကလေးတွေက ပြန် ပြီးတော့မေးမြန်းမယ်။ သူတို့ ရ မှတ်လေးတွေအပေါ်မှာ အဆင် မပြေလို့ ပြန်စစ်ဆေးပေးပါလို့ လျှောက်လာရင် ပြန်စစ်ဆေးပေး တယ်။ မနှစ်ကအထိတော့ ငါး ထောင်ပဲ။ ဒီနှစ် နှုန်းထားအ ပြောင်းအလဲရှိမယ်လို့တော့ သိ ထားတယ်။ ဒါက ပညာရေးစီမံ ခန့်ခွဲမှုအစည်းအဝေးတင်ပြီး အ ဆင့်ဆင့်ဆုံးဖြတ်ပြီးမှ ပြောင်းလဲ တာမျိုးပေါ့’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြတ်ကျော်ကဆိုသည်။
အဖြေလွှာ ပြန်လည်စစ် ဆေးခ တိုးမြှင့်ခြင်းအကြောင်းရင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိ ပေ။
တိုးမြှင့်သည့် နှုန်းထားသစ်အရ အဖြေလွှာများ ပြန်လည်စိစစ်စေလိုပါက တစ်ဘာသာလျှင် ကျပ် ၂၅,၀၀၀ ပေးသွင်းရမည်ဖြစ်ကာ ဘာသာစုံ ပြန်ကြည့်နိုင် သည်။
၂၀၁၉ တက္ကသိုလ်ဝင်စာ မေးပွဲကို မတ်လ ၆ ရက်မှ ၁၅ ရက်အထိ ကျင်းပပြီး ဖြေဆိုသူ ၈၅၁,၅၇၀ ဦးရှိသည်။ ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာ ရင်းကို ယခင်နှစ်က ဇွန်လ ၂ ရက်တွင် ကြေညာခဲ့သည်။ ၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာ ရင်းထွက်မည့်ရက်ကို ပညာရေး ၀န်ကြီးဌာနက ကြေညာခြင်းမရှိ သေးပေ။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီး တစ်ပတ် အတွင်း အမှတ်စာရင်းများကို နေပြည်တော် ရုံးအမှတ် (၅၂) ရှိမြန်မာနိုင်ငံ စာစစ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင် တက္ကသိုလ်နယ်မြေ)၊ ရန်ကုန်ရုံးခွဲတို့၌ ထုတ်ပေးသည်။ ရရှိသော အမှတ်စာရင်းများကို ကျေနပ်မှု မရှိပါက အမှတ်စာရင်းထုတ်ပေးပြီး တစ်ပတ်ခန့်အကြာတွင် ဖြေ ဆိုသူကိုယ်တိုင် (သို့မဟုတ်) မိဘက စာစစ်ဦးစီးဌာနရုံးများ၌ အ ဖြေလွှာ ပြန်စစ်စေလိုကြောင်း တင်ပြရသည်။
စာမေးပွဲအဖြေလွှာကို ဘာ သာရပ်အလိုက် စာစစ်မှူးချုပ်များ ဦးဆောင်သည့် စာစစ်အဖွဲ့က ပြန်စစ်ဆေးပြီး မူလစစ်ဆေးမှုနှင့် ကွဲလွဲမှု ရှိ၊ မရှိ ကျောင်းသားထံ အကြောင်းပြန်သည်။
‘‘စာစစ်အဖွဲ့ကို အကြောင်း ကြားပေးမယ်။ ပြန်စစ်ဆေးပေး မယ်။ သူပြန်လည်စစ်ဆေးတဲ့ ဘာသာရပ်တွေဟာ ကွဲလွဲမှုရှိ၊ မရှိဆိုတာ စာစစ်အဖွဲ့က ပြန်ကြား တာကို စာစစ်ဦးစီးဌာနက ပြန် ကြားပေးမယ်။ အဖြေလွှာကို သူ့ကို ပြန်ပြတာမျိုးမဟုတ်ဘူး’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက် တာ သိန်းဇံက ရှင်းပြသည်။
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အချက်အလက်များအရ ၂၀၁၇ က တက္ကသိုလ်ဝင်စာမေးပွဲ အဖြေ လွှာ ပြန်တောင်းကြည့်သူ ၄၀၀ ကျော်ရှိသည်။
7Day
No comments:
Post a Comment