မြန်မာ့စပါးအုံးမြွေလို့အများကတင်စားခေါ်ဝေါ်ပြီး တိုက်ခိုက်ရေးအရာမှာလက်သံပြောင်တဲ့ အောင်လအန်ဆန်ဟာ MMA လောကမှာ ဂုဏ်သိက္ခာကြီးမားတဲ့ World MMA Awards ဆုပေးပွဲမှာ ချီးမြှင့်မယ့်ဆုတွေအတွက် လျာထားခံရကြောင်း သိရပါတယ်။
အဆိုပါWorld MMA Awards ဆုပေးပွဲမှာအမည်စာရင်းထည့်သွင်းခံထားရပြီးCharles “Mask” Lewis Fighter of the Year ဆုနဲ့ International Fighter of the Year ဆုတို့အတွက် နိုင်ငံတကာက MMA တိုက်ခိုက်ရေးသမားတွေနဲ့အပြိုင် လျာထားခြင်းခံရတယ်လို့သိရပါတယ်။
"ဒီဆုတွေက ပရိတ်သတ်တွေ ရွေးချယ်တဲ့အပေါ်မှာမူတည်ပြီး ပေးအပ်တာမျိုးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတကာ ပရိတ်သတ်ကပေးတဲ့ Vote တွေထက် ကျွန်တော့်နိုင်ငံက ပရိတ်သတ်တွေကပေးမယ့်Vote တွေကို ပိုပြီး လိုလိုလားလား လက်ခံရယူချင်ပါတယ်။ ဒီဆုဟာ ကျွန်တော့်ကို နိုင်ငံတကာအလည်မှာ ပိုမိုသိလာစေမယ့်အပြင် ကျွန်တော်တို့နိုင်ငံကိုလည်းပိုပြီးလူသိများလာစေနိုင်မယ့်အခြေအနေမျိုးလည်းဖြစ်ပါတယ်" လို့ အောင်လအန်ဆန်က ၄င်းရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားတာတွေ့ရပါတယ်။
အဆိုပါဆုပေးပွဲကို Fighters Only Magazine က ပြုလုပ်တာဖြစ်ပြီး နိုင်ငံတကာမှာရှိတဲ့ MMA ပြိုင်ပွဲတွေထဲက ထူးချွန်တဲ့ ကစားသမားတွေကို ရွေးချယ်တာဖြစ်ပြီး ဆုကိုတော့ ပရိတ်သတ်ပေးတဲ့ Vote နဲ့ ရွေးချယ်တာဖြစ်ကြောင်း သိရပါတယ်။
"အဲ့ဒါကြောင့်အခုကျွန်တော့်အမည်စာရင်း ထည့်သွင်းလျာထားခံရတဲ့ ဆုတွေဟာ 'ကမ္ဘာ့ဘောလုံးပြိုင်ပွဲတွေမှာ ရွှေဖိနပ်ဆု'ချီးမြင့်သလိုမျိုး MMA ထူးချွန်ကစားသမားတွေအတွက် အရမ်းကိုတန်ဖိုးရှိတဲ့ ဆုတွေဖြစ်ပါ တယ်" လို့ ရေးသားထားပါတယ်။
၎င်းကို ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေအနေနဲ့ အဆိုပါဆုတွေအတွက် Vote လုပ်ချင်တယ်ဆိုရင် https://www.worldmmaawards.com/vote/ ၀ဘ်ဆိုဒ်စာမျက်နှာပေါ်မှာ မိမိအမည် Email စတာတွေဖြည့်သွင်းပြီး Vote လုပ်နိုင်ကြောင်း ဖိတ်ခေါ်ထားပါတယ်။
Isee Media



No comments:
Post a Comment