Wednesday, June 26, 2019

မြန်မာနိုင်ငံသား ၄ ဦးလျှင် ၁ ဦး ဆင်းရဲနွမ်းပါးနေ


မြန်မာနိုင်ငံရှိ လူဦးရေ ၄ ဦးအနက် ၁ ဦး သည် ဆင်းရဲနွမ်းပါးမှုနှင့်ရင်ဆိုင်နေရကြောင်း မြန်မာနေထိုင်မှုစစ်တမ်း၏ ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ (၂၀၁၇ ခုနှစ်) စစ်တမ်း၏ ဖော်ပြချက်အရ သိရသည်။ 
မြန်မာ့နေထိုင်မှုစစ်တမ်း၏ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ မိတ်ဆက်ပွဲကို ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ် တွင် ပြုလုပ်ခဲ့ပြီး ယင်း စစ်တမ်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့က ကမ္ဘာ့ဘဏ်နှင့်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP )တို့၏ အကူအညီဖြင့် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ စစ်တမ်းကောက်ယူရာတွင် နေပြည်တော်ကောင်စီ အပါအ၀င် တိုင်းဒေဘကိးပြည်နယ်များရှိ မြို့နယ်ပေါင်း ၂၉၆ မြို့နယ်ရှိ အိမ်ထောင်စု ၁၃၇၃၀ စု ထံမှ ၃ ပတ် အလိုက် တစ်နှစ်ပတ်လုံး ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထိုသို့ ဆင်းရဲနွမ်းပါးနေမှုအားတိုင်းတာရာတွင် လူတစ်ဦးတွင် အနိမ့်ဆုံးစားနိုင်သည့် ကယ်လိုရီ intake အရ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်ကပြောသည်။ 

“လူ ၄ ဦး မှာ တစ်ဦးက ဆင်းရဲနေတယ်ဆိုတာ ကျွန်တော်တို့ ဒီဟာကို တိုင်းတာတဲ့ အခါမှာ အနည်းဆုံး cost of basic need ကို တွက်တဲ့ အခါမှာ ကယ်လိုရီ intake ပေါ့နော်။အဲ့ဒီအပေါ်မှာ အခြေခံပြီးတော့ ဒါက ဘယ်က ရလဲဆိုရင် ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့ အနည်ူဆုံးစားသုံးနိုင်တဲ့ ကယ်လိုရီ intake ပ်ါမူတည်ပြီးတော့ ဒီအစီရင်ခံစာကို တစ်ရက်ကို အနည်းဆုံးဘယ်လောက်စားရမယ်ဆိုတာ ဒါကို သတ်မှတ်ပြီးတော့ ဒီဟာကို တွက်ချက်ပြီးတော့ ထုတ်ပြန်တာဖြစ်တယ်”ဟု ဦးဆန်းမြင့်ကပြောသည်။ 

လူတစ်ဦးသည် တစ်ရက်လျှင် အနည်းဆုံး ကယ်လိုရီ ၂၂၃၈ စားသုံးရန် ကျန်းမာရေးဝန်ကြီးဌာန က အဆိုပြုထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံ တွင် ချင်းပြည်နယ်သည် ဆင်းရဲနွမ်းပါးမှု အများဆုံးပြည်နယ်ဖြစ်ပြီး လူ ၁၀ ဦးတွင် ၆ ဦးသည် ဆင်းရဲနွမ်းပါး နေပြီး ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် ဆင်းရဲနွမ်းပါးမှုသည် အနည်းဆုံးဖြစ်နေကြောင်း စစ်တမ်း၏ ဖော်ပြချက်အရ သိရသည်။ 

မြန်မာ့နေထိုင်မှုစစ်တမ်း၏ဆင်းရဲနွမ်းပါးမှု စစ်တမ်းကို ၂၀၀၅ ခုနှစ်မှ စတင်ကောက်ခံခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုသိသာစွာ လျော့နည်းလာကြောင်း သိရသည်။ 

စစ်တမ်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်းရဲနွမ်းပါးမှုနှုန်းအပြင် တိုင်းဒေသကြီး /ပြည်နယ်အလိုက် ဆင်းရဲနွမ်းပါးမှုနှင့်နေထိုင်မှုအခြေအနေကို သိရှိနိုင်စေရန်၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်အတွက် လိုအပ်သည့် ကိန်းဂဏန်းအချက် အလက်များ ညွှန်းကိန်းများရရှိရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ယဉ်ကေနွယ်
The Fifth Wave News

No comments:

Post a Comment