Saturday, June 1, 2019

အင်းလေးကန် ရေခန်းခြောက်မှုမြင်ကွင်များ


ရှမ်းပြည်နယ်က အင်းလေးကန်ထဲမှာ အရင်ကထက် ရေတွေ ခန်းခြောက်ပြီး သွားနေကျ လှေလမ်းတွေလည်း မရှိတော့တာကို တွေ့ရပါတယ်။ 
ဒီပုံတွေကတော့ အင်းလေးကန်ရဲ့ တောင်ဘက်အစွန်ဘက်ဖြစ်တဲ့ နန်းပန်ရွာနဲ့ နောင်တောရွာက အခြေအနေတွေ ဖြစ်ပါတယ်။ 

အင်းလေးဒေသခံ ဒေါ်ခင်စိုးဝင်းက “အရင်နဲ့ယှဉ်ရင်တော့ တော်တော်ကို ခန်းသွားတယ်။ ရွာတွေမှာ သွားရေးလာရေး ခက်သွားတယ်။ ဒီရက်ပိုင်းမှာ မိုးနည်းနည်းရွာလို့ သွားရ လာရတာ အရင်ထက် နည်းနည်း ပိုလွယ်လာတယ်။ ဒါပေမယ့် မိုးဆက်မရွာဘူးဆိုရင်တော့ ပြန်ဖြစ်မှာပဲ” လို့ ပြောပါတယ်။ 

အင်းလေးရဲ့ မူလရွာတွေဖြစ်တဲ့ နန်းပန်ရွာ၊ နောင်တောရွာနဲ့ ဟဲယာရွာမရွာတို့အားလုံး ရေခန်းနေတာဖြစ်ပြီး ဟဲယာရွာမကတော့ အဆိုးဆုံးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ 

ရှမ်းပြည်နယ်လွှတ်တော်က ရေးဆွဲထားတဲ့ အင်းလေးကန်ဒေသ ထိန်းသိမ်းကာကွယ်ရေး ဥပဒေမူကြမ်း ပြည်သူလူထုကြားနာပွဲကို လာမယ့် ၅ ရက်နဲ့ ၆ ရက် ရှမ်းပြည်နယ်လွှတ်တော် ကျားခေါင်းခန်းမမှာ ပြုလုပ်မှာဖြစ်ပါတယ်။ 

ဓာတ်ပုံ – Nagar Min Htain Win
DVB

No comments:

Post a Comment