အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးပွဲကို ဇွန်လ ၂၆ ရက် မနက်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းမှာ ပြုလုပ်ပါတယ်။
မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးတွေထဲမှာ ဘိန်းဖြူ၊အိုက် ICE ၊ကက်တမင်း၊ မက်သာအဖက်တမင်း၊ကယ်လိုရင်း ထမနော စားဆေး၊ အက်ဖက်ထမင်း၊စိတ်ကြွဆေး WY၊ ဆေးခြောက်တွေ ဘိန်းစာမှုန့် နဲ့မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ သုံးစွဲတဲ့ ဟိုက်ဒြိုကလိုရစ်အက်စစ် စတဲ့ ၂၂မျိုးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ပမာဏအနေနဲ့ WYဆေးပြား၄၁၂ သိန်းကျော်နဲ့ အိုက် ကီလို ၁၉၀၀ ကျော် ပါဝင်ခဲ့တယ်လို့သိရပါတယ်။စုစုပေါင်း တန်ဖိုးကျပ် သန်းပေါင်း ၁၆၃၀ ကျော်ရှိတယ်လို့သိရပါတယ်။
One News Myanmar











No comments:
Post a Comment