ဘင်္ဂလားဒေရှ့်နိုင်ငံထဲမှ မူးယစ်ဆေးဝါးမှောင်ခိုတင်ပို့နေသူတွေအပေါ် မြန်မာအာာဏာပိုင်တွေအနေနဲ့ ထိရောက်တဲ့ ဟန့်တား အရေးယူ ဆောင်ရွက်ချက်မျိုး မရှိသေးကြောင်း ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီး အေဆာဒက်ဇာမန်ခန်က ပြစ်တင်ပြောဆိုလိုက်ပါတယ်။
မှုးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ဘင်္ဂလီတွေကို အသုံးချနေကြောင်း၊ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို မြန်မာနိုင်ငံက စိတ်ကြွဆေးပြားတွေတင်ပို့နေကြောင်း ဘင်္ဂလားဒေရှ့်ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
“ မြန်မာအာဏာပိုင်တွေ နဲ့အကြိမ်များစာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ သိသာတိုးတက်တဲ့ ပြောင်းလဲမှုတွေ မရှိဘူး၊ စိတ်ကြွမူးယစ်ဆေးဝါး ဟာ အန္တာရယ်ရှိတယ်လို့ မြန်မာဘက်က ပြောပေမယ့် လက်ရှိအချိန်အထိ ထိရောက်တဲ့ ဆောင်ရွက်ချက်မျိုးမရှိသေးဘူး“ လို့ ဘင်္ဂလားဒေရှ့် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။
ဘင်္ဂလားဒေရှ့်အစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ်အတွင်း ယာဘ စိတ်ကြွဆေးပြား ၅၃၀၄၈၅၄၈ ပြားနဲ့ ဟီရိုအင်း ၄၅၂ ဂ၇မ် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါး တင်ပို့တဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မူးယစ်ဆေးဝါး တင်ပို့ဖြန့်ဖြူးသူပေါင်း ၁၆၁၃၂၃ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘင်္ဂလားဒေရှ့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးရဲတပ်ဖွဲ့က ပြောပါတယ်။
သီဟ
ref; Myanmar never kept words over drug smuggling: home minister
Isee Media


No comments:
Post a Comment