အရှေ့တီမောနဲ့အင်ဒိုနီးရှားကမ်းလွန်မှာ အခုလ(၂၄)ရက်က ပြင်းအား(၇.၅)အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ မြေအောက်အနက်ကီိလိုမီတာ(၂၂၀)မှာ လှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီငလျင်ကြောင့် ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ(၇၀၀)ဝေးတဲ့ သြစတြေးလျနိုင်ငံမြောက်ပိုင်းက Darwin မြို့မှာ တုန်ခါမှုတွေ ခံစားခဲ့ရပါတယ်။
ပျက်စီးမှုတွေတော့ မရှိခဲ့ပါဘူး။ တုန်ခါမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် မြို့လယ်ရှိအဆောက်အအုံက လူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဆူနာမီဖြစ်ပေါ်မှုတွေတော့ မရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
One News Myanmar



No comments:
Post a Comment