Wednesday, June 26, 2019

တရုတ်ပြည်ရောင်းစားခံရမှု ပိတ်ပင်ရေး လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း



အရှေ့တောင်အာရှနိုင်ငံများအနေနဲ့ အမျိုးသမီးများနေအိမ်မှာလုပ်ကိုင်နိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးဖို့နဲ့ တရုတ်နိုင်ငံကို သတိုးသမီးအဖြစ် အရောင်းစားခံနေရတာတွေ တိုးများလာနေတာတွေကို ကာကွယ်ဖို့၊ နယ်စပ်ဒေသတွေမှာ ဥပဒေအရဆောင်ရွက်ဖို့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့တွေက အင်္ဂါနေ့က နှိုးဆော်လိုက်ပါတယ်။ 

ဗီယက်နမ်နိုင်ငံက လူကုန်ကူးခံမိန်းကလေးများကို အကူအညီပေးနေတဲ့အဖွဲ့ ဦးဆောင်သူ Mimi Vu က လူကုန်ကူးခံရသူတွေရဲ့ မိခင်နိုင်ငံများဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ပိုပြီးလုပ်ဆောင်ဖို့လိုတယ်လို့ ပြောပါတယ်။ အလားတူ ကမ္ဘောဒီယားနိုင်ငံက လူ့အခွင့်အရေးအဖွဲ့ကလည်း လူကုန်ကူးဂိုဏ်းတွေကို ထိထိရောက်ရောက်ရောက် အရေးယူဖို့ အာဏာပိုင်တွေ ခြစားနေတာတွေကို ကိုင်တွယ်ဖို့ တိုက်တွန်းပါတယ်။ 
တရုတ်ရဲတပ်ဖွဲ့အဆိုအရ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကအမျိုးသမီးများ အပါအ၀င် အမျိုးသမီး ၁၁၀၀ ကို ခြောက်လတာစီမံချက်နဲ့ ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီစီမံချက်ဟာ ပြီးခဲ့တဲ့နှစ်ကုန်က အဆုံးသတ်လိုက်တာဖြစ်ပြီး သင်္ကာမကင်းသူ ၁၃၃၀ ကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Manan VATSYAYANA / AFP
RFA 






No comments:

Post a Comment