Wednesday, June 26, 2019

ဒေါ်အောင်ဆန်းစုကြည် ဓနုဖြူ သွားမယ်


တောင်သူ လယ်သမား သုံးထောင်ကျော်နဲ့ တွေ့ဖို့ အတွက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်ဟာ မနက်ဖြန်မှာ ဧရာဝတီတိုင်းက ဓနုဖြူ မြို့နယ်ကိုသွားရောက် မယ်လို့ သိရပါတယ်။ 
ခရီးစဉ်အတွင်းမှာတော့လယ်ယာ စိုက်ပျိုးရေး မှာ ကြုံရတဲ့အခက်အခဲတွေ ကိုဖြေရှင်းပေးနိုင်ဖို့အတွက် တောင်သူတွေနဲ့တွေ့ဖို့ စီစဉ်ထားတယ်လို့ ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး အခက်အခဲတွေကို တင်ပြချင်လို့ စာရင်းပေးလာတဲ့တောင်သူ အရေအတွက်ဟာ လတ်တလောအထိ သုံးထောင်ကျော်လောက်ရှိနေတယ် လို့ဆိုပါတယ်။ 

ဓနုဖြူ ခရီးစဉ်ဟာ အစိုးရ တာဝန်ယူပြီးတဲ့နောက် ပထမ ဆုံးလာရောက်တဲ့ခရီးစဉ်လည်းဖြစ်ပါတယ်။ 

ဒီမတိုင်ခင်ကတော့ ဧရာဝတီတိုင်းကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ထားဖူးပြီး ဒေသခံတွေနဲ့စကာဝိုင်း ပြုလုပ်ဖူးပါတယ်။ 

ဒါအပြင် မြောင်းမြတံတားသစ်ဖွင့်ပွဲလည်း တက်ရောက်ခဲ့ပါသေးတယ်။

7Day


No comments:

Post a Comment