စပိန်နိုင်ငံတောင်ပိုင်း ဆန်ရော့ကီမြို့ စက်မှုဇုန်အနီးမှာ ဇွန်လ ၂၅ ရက်နေ့က ဓာတုဗေဒစက်ရုံတခု မီးလောင်လို့ စက်ရုံရှိရာ ဂွယ်ဒါလန်ကီ စက်မှုဇုန်က လူတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ပြီး မီးခိုးငွေ့ရှူမိတဲ့ လူတယောက်ကို ဆေးရုံပို့ခဲ့ပါတယ်။
မီးဟာ ပလတ်စတစ်တွေ ထုတ်လုပ်တဲ့ အိန္ဒိယကုမ္ပဏီပိုင် အင်ဒိုရားမားစက်ရုံမှာ စလောင်ခဲ့တာပါ။
အနီးဝန်းကျင် နေထိုင်သူတွေကို မီးခိုးတွေ မဝင်ရောက်စေဖို့ ပြတင်းတံခါးတွေ ပိတ်ထားဖို့ ညွှန်ကြားခဲ့ပေမယ့် ဘေးလွတ်ရာပြောင်းရွှေ့ဖို့တော့ မပြောခဲ့ပါဘူး။
အဲဒီစက်ရုံမီးကို နေ့လယ်ပိုင်းမှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။
DVB

No comments:
Post a Comment