ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်မှုနဲ့ အတိုက်အခံပါတီခေါင်းဆောင်ကို ကိုယ်စားလှယ်အဖြစ်က ထုတ်ပယ်ခဲ့ပေမယ့် မီဒီယာကုမ္ပဏီတွေမှာ အစုရှယ်ယာများဝင်ထားတဲ့ စစ်တပ်ကိုထောက်ခံတဲ့ ကိုယ်စားလှယ် ၃၂ ဦးကိုတော့ ခုံရုံးက အရေးယူခြင်း မရှိပါဘူး။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက အဲဒီကိုယ်စားလှယ် ၃၂ ဦး အပါအ၀င် တခြားကိုယ်စားလှယ် ကိုးဦး စုစုပေါင်း ၄၁ ဦးရဲ့အမှုကို သက်သေခံမခိုင်လုံဘူးဆိုပြီး ပလပ်လိုက်တာဖြစ်ပါတယ်။
အကယ်၍စစ်တပ်ကို ထောက်ခံတဲ့ အမတ် ၃၂ ဦးကိုသာ အရေးယူခံရရင် စစ်တပ်ကြောထောက်နောက်ခံ ကိုယ်စားလှယ်ဟာ အမတ် ၅၀၀ ရှိတဲ့ လွှတ်တော်မှာ လူနည်းစုအဖြစ်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။
အဲဒီစစ်တပ်ကိုယ်စားလှယ်တွေကို အရေးယူဖို့ ခေါင်းဆောင်အရေးယူခံရတဲ့ အတိုက်အခံပါတီ FFP ရှေ့သို့ အနာဂတ်ပါတီက တင်ခဲ့တာဖြစ်ပြီး စစ်တပ်ကခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က စိစစ်တာဖြစ်ပါတယ်။
Photo: PORNCHAI KITTIWONGSAKUL / AFP
RFA

No comments:
Post a Comment