ဟင်္သာမီဒီယာက သတင်းထောက်တစ်ဦးကို သတင်းမီဒီယာ ကျင့်ဝတ်ဖောက်ဖျက်သူအဖြစ် ဇွန်(၂၅)ရက်မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
သတင်းထောက် ခင်မောင်ထွေး(ခ)ခေတ်မင်းဟာ ဆွမ်းကြီးလောင်းပွဲတွေမှာလုပ်တဲ့ အန်ဂလုံလောင်းကစားဝိုင်းတွေမှာ ငွေကြေးကောက်ခံနေပြီး မပေးရင် ရဲတပ်ဖွဲ့ကို သတင်းပေးတာတွေ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတောင်ပိုင်းဂျာနယ်လစ်ကွန်ရက်က သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ သတင်းမီဒီယာကျင့်ဝတ်နှင့် သတင်းမီဒီယာဖွံ့ဖြိုးရေးကော်မတီက စုံစမ်းစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ထုတ်ပြန်ချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
One News Myanmar

No comments:
Post a Comment